ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းပွဲကျင်းပခြင်း (ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ ကြသည့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မျိုး နှင့် စာကြည့်တိုက်မှ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သဲသန္တာထက်တို့က ၎င်းတို့၏ ပြည်ပနိုင်ငံ များသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းပွဲကို ၁၈-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

အတွေ့အကြုံများ ရှင်းလင်းပွဲတွင် တွဲဖက်ပါမောက္ခ ဒေါ်မျိုးက ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ၁၅-၁၀-၂၀၂၃ ရက်နေ့မှ ၃၁-၁၀-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ကလေးသူငယ်များ စာဖတ်ခြင်း ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ အထွေထွေအစည်းအဝေးနှင့်သင်တန်းသို့ တက်ရောက်ခဲ့ခြင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ၂၈-၁၀-၂၀၂၄ ရက်နေ့မှ ၃၀-၁၀-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တတိယအကြိမ် အာဆီယံ-ကိုရီးယား ကလေးသူငယ်များစာဖတ်ခြင်းယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အထွေထွေ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား PowerPoint ဖြင့် ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သဲသန္တာထက်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပေကျင်းမြို့တွင် ၂၈-၁၁-၂၀၂၃ ရက်နေ့မှ ၆-၁၂-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများအတွက် Smart Library ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း “Seminar on Smart Library Construction and Management for ASEAN Countries” သင်တန်းသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို PowerPointဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။