တက္ကသိုလ်၏ သင်ကြားမှုနှင့် စီမံခန့်ခွဲမှုများအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၁–၁၁–၂၀၁၉ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် NUAC(Ygn) ၊ သရဖီဆောင်၊ အနုပညာခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာ၊ သင်တန်းရေးရာဌာန အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်က “ဌာနများအလိုက် မိမိဌာနအပေါ် ပြန်လည် သုံးသပ် အကဲဖြတ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခြင်း”၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က “ကျောင်းသားများအတန်းတက်ရောက်မှုအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခြင်း”၊ ဒေါက်တာလဲ့လဲ့အောင်၊ ကထိက(စာပေ)က “တက္ကသိုလ်နှင့် ဆရာများသမဂ္ဂ၏ အခန်းကဏ္ဍအား ဆွေးနွေးခြင်း”တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပါမောက္ခ၊ဌာနမှူးများ၊ဆရာ၊ ဆရာမများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။