Fourth Technical Coordination Forum for Safeguarding Bagan အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Fourth Technical Coordination Forum for Safeguarding Bagan အစည်းအဝေးကို (၄.၁၁.၂၀၁၉) ရက်နေ့မှ (၆.၁၁.၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေး ပထမနေ့ကို (၄.၁၁.၂၀၁၉) ရက်နေ့၊ (၀၉း၃၀)နာရီအချိန်တွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဦးလွင်နှင့် တာဝန်ရှိသူများ၊ Technical Expert Team မှ ဥက္ကဌ ဒေါက်တာအောင်ကျော်မြတ်နှင့် ပညာရှင်များ၊ International Experts ၊ ဂျာမနီနိုင်ငံ Cologne Institute of Conservation Science၊ Korea Cultural Heritage Foundation (KCHF)၊ Getty Conservation Institute၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chinese Academy of Cultural Heritage မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဦးလွင် နှင့် Technical Expert Team မှ ဥက္ကဌ ဒေါက်တာအောင်ကျော်မြတ် တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံ Cologne Institute of Conservation Science မှ နန်းဘုရားနှင့် နံရံပန်းချီထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့မှု အစီရင်ခံတင်ပြခြင်း၊ Korea Cultural Heritage Foundation (KCHF) မှ ဘုရားသုံးဆူအား မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းအား အစီရင်ခံတင်ပြခြင်း၊ Getty Conservation Institute မှ မြင်းပြဂူဘုရား ထိန်းသိမ်းရေး စီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံတင်ပြခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chinese Academy of Cultural Heritage မှ သဗ္ဗညုဘုရားအား မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းအား အစီရင်ခံတင်ပြခြင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က ပုဂံဒေသရှိ ပျက်စီးသွားသော စေတီပုထိုးများအား မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၏ တိုးတက်မှုကို အစီရင်ခံတင်င်ပြခြင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပုဂံဒေသရှိ ပျက်စီးသွားသော စေတီပုထိုးများအား မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းလုပ်ငန်း၏ အစီရင်ခံတင်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး Technical Experts Team မှ ပညာရှင်များနှင့် International Experts များမှ ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် Technical Expert Team မှ ဥက္ကဌ ဒေါက်တာအောင်ကျော်မြတ် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ပထမနေ့ အစည်းအဝေးကို (၁၇:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။