သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နိုဝင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် ၂၂ ကြိမ်မြောက် အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်း ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်က လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။