၁။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စန်ရှီး (Shaanxi) ပြည်နယ်မှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး FANG GUANG HUA နှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ပုဂ္ဂိုလ်များ၊ သဗ္ဗညုဘုရား ဘုရားပြုပြင်ထိန်းသိမ်းရာတွင် တာဝန်ရှိသည့် တရုတ်နိုင်ငံ အင်ဂျင်နီယာများနှင့် ပညာရှင်အဖွဲ့ တို့သည် (၅.၁၁.၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီ အချိန်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ တရုတ်ပညာရှင်များအတွက် လိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် ဆက်လက်၍ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
၃။ ထို့နောက် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်အတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပါသည်။