မြန်မာအကအခြေခံ ကဗျာလွတ်အက ပထမအဆင့် ဆင့်ပွားနည်းပြသင်တန်း(၂/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ မြန်မာအကအခြေခံ ကဗျာလွတ်အက ပထမအဆင့် ဆင့်ပွားနည်းပြသင်တန်း(၂/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ၂.၁၂.၂၀၁၉ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူများ ၁၀၀ဦးတို့ တက်ရောက်ခဲ့ပါသည်။