“မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” စာတမ်းဖတ်ပွဲအတွက် စာတမ်းရှင်များအား ဖိတ်ကြားအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာ နိုင်ငံအတွင်း တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေ ဖော်ထုတ်နိုင်ရန်အတွက် “မြန်မာ့အစဉ်အလာဓလေ့ကို ရှာဖွေဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကို ၂ဝ၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်-
(က) မြန်မာ့လူနေမှုဓလေ့သမိုင်းကြောင်းတွင် ကွက်လပ်ဖြစ်နေသည်ကို ဖြည့်စွက်ရန်၊
(ခ) မြန်မာ့ဓလေ့သမိုင်းကို အထောက်အကူပြုသော သမိုင်းစာပေ၊ သမိုင်းပညာရှင် များ ပေါ်ထွန်းလာစေရန်၊
(ဂ) အယူအဆသစ်များ၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေရန်၊
(ဃ) အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတ များ ဖလှယ်ခြင်းအားဖြင့် ပိုမိုကျယ်ဝန်းသော ပညာရပ်နယ်ပယ်တစ်ခု ပေါ်ထွက် လာစေရန်၊
(င) ဖတ်ကြားတင်သွင်းသော စာတမ်းများမှ အရည်အသွေးပြည့်မီသော စာတမ်း များအား ရွေးချယ်ပြီး ပုံနှိပ်ထုတ်ဝေခြင်းဖြင့် တိုင်းရင်းသားပြည်သူအတွင်း ပြန့်နှံ့ရောက်ရှိစေကာ မိမိတို့၏ ဓလေ့ကို ပိုမိုထိန်းသိမ်းလာစေရန်၊
(စ) မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် အစဉ်အလာကြီးမားလှသော မြန်မာ့ယဉ်ကျေးမှုဓလေ့ကို မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုဖြစ်ထွန်းလာစေပြီး ပြည်ထောင်စုစိတ်ဓာတ် များ တက်ကြွနိုးကြားလာစေရန်။
သို့ဖြစ်ပါ၍ အဆိုပါသုတေသနစာတမ်းဖတ်ပွဲတွင် ပါဝင်ဖတ်ကြားလိုသည့် စာတမ်းရှင်များ ကို စာတမ်းများပေးပို့နိုင်ပါရန် ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။ စာတမ်းဖတ်ကြားလိုသူ သုတေသီများ သည် စာတမ်းအကျဉ်းကို ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂ဝ)ရက်နေ့ နောက်ဆုံးထား၍ လည်းကောင်း၊ စာတမ်းအပြည့်အစုံကို Hard Copy /Soft Copy ဖြင့် ၂ဝ၂ဝ ခုနှစ်၊ ဇန်နဝါရီလ (၂ဝ) ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်၊ ဖုန်း ၀၆၇- ၃၄၀၈၃၈၄ (သို့မဟုတ်) အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၈၄၂၃ (သို့မဟုတ်) မြန်မာသမိုင်းအဖွဲ့၊ သီရိမင်္ဂလာရိပ်သာ လမ်းသွယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်၊ ဖုန်း ၀၁-၆၅၈၁၅၂ တို့သို့ ပေးပို့နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။