သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပပြီးစီး

နေပြည်တော် ဒီဇင်ဘာ ၂၃
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများရှိ အရာထမ်း အမှုထမ်းများ၏ capacity Building မြုင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲနှင့် စာတမ်းကြားဆွေးနွေးခြင်းကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ´´အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် ယနေ့ ‌နံနက်‌ ၁၀:၀၀နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) အဆောင်(C ) ရှိ International Conference Hall ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးကျော်ငြိမ်းအဖွဲ့ဝင်၊ မြန်မာသမိုင်းအဖွဲ့ မှမြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု နောက်ဆုံးအဆင့် (၁၉၄၅-၄၈)´´ စာတမ်းကိုဖတ်ကြားခဲ့ပါသည်။ စာတမ်းအကျဉ်းမှာ- ကိုလိုနီခေတ်ဦးကာလတွင် တော်လှန်ရေးများကျဆုံးခဲ့ရမှု၊ ၁၈၉၆-၁၉၀၆ ကာလအတွင်း မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်များ နိမ့်ကျဆုတ်ယုတ်ငုပ်လျှိုးခဲ့ရမှု၊ ၁၉၀၆-၁၉၁၈ အမျိုးသားရေးစိတ်ဓာတ်များလှုပ်ရှားမှုများအကြောင်း၊ ၁၉၁၈-၁၉၂၃ အမျိုးသားစည်းလုံးညီညွတ်မှုအရှိဆုံးကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနောက်ဆုံးအဆင့်ဖြစ်သည့် ၁၉၄၅- ၁၉၄၈ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံတော်အတွက် အရေးကြီးဆုံးကာလဖြစ်ခဲ့ပုံ ပြည်သူလူထုထောက်ခံမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလက ပရိယာယ် ကြွယ်ဝလှသည့် ဗြိတိသျှတို့အပေါ် ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးအောင်ပန်းဆွတ်ခူးနိုင်အောင် နှလုံးရေတိုက်ပွဲ ဆင်နွဲခဲ့ပုံတို့ကိုတင်ပြဆွေးနွေးခဲ့ပါသည်။ ထိုနောက်တက်ရောက်လာသူများနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးများက မေးမြန်းဆွေးနွေးကြကာ အခမ်းအနားကို နေ့လယ် ၁၁း၃၀ အချိန်ခန့်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။