ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက်အစီအစဉ်နှင့်အမှတ်တရဈေးရောင်းပွဲတော် ကျင်းပပြီးစီး

          ကလေးများ ဘက်စုံစွမ်းရည်မြင့်မားတိုးတက်စေပြီး အသိပညာဗဟုသုတ ရှာဖွေသူ ပြည်သူလူထုအား အထောက်မပံ့ဖြစ်စေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အမျိုးသားစာကြည့် တိုက်(နေပြည်တော်)၌ ရသစုံလင်စာဥယျာဉ် ကလေးစာကြည့်တိုက် အစီအစဉ်နှင့်အမှတ်တရ စျေးရောင်းပွဲတော်ကို ၂၀.၁၂.၂၀၁၉ ရက်နေ့မှ ၂၂.၁၂.၂၀၁၉ ရက်နေ့အထိ ကျင်းပဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။

ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် ၂၂.၁၂.၂၀၁၉ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုသည့်အခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယင်းနောက်ပူးပေါင်းပါဝင်ခဲ့ကြသည့်အနုပညာဦးစီးဌာနမှရုပ်သေးပညာရှင်များ၊ ကာတွန်း ပညာရှင်များ၊ လက်မှုပညာရှင်များ၊ Gakken classroom အဖွဲ့တို့အား ဂုဏ်ပြုမှတ်တမ်းများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။