ဌာနတွင်း သုတေသနစာတမ်းဖတ်ပွဲနှင့် Book Review ဖတ်ကြားခြင်းအခမ်းအနား ကျင်းပပြီးစီး

နေပြည်တော် ဒီဇင်ဘာ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတွင် လစဉ်ဖတ်ကြားလျက်ရှိသော ဌာနတွင်း သုတေသန စာတမ်းဖတ်ပွဲအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ၂၄ ရက် ယနေ့ နံနက် (၁၀:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)ရှိ International Conference Hall ၌ ကျင်းပပြုလုပ်ရာ စာတမ်းရှင် ဒေါက်တာမြင့်မြင့်စန်း(ဒုတိယညွှန်ကြားရေးမှူး)မှ` ပုဂံခေတ် မြင်ကွန်းနှင့်ပြည်တော်သာကျွန်း´´ စာတမ်းကိုဖတ်ကြားသွားခဲ့ပါသည်။ ထို့နောက်စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများပြုလုပ်ကြကာ အခမ်းအနားကို (၁၂၀၀)နာရီတွင် ခေတ္တရပ်နားခဲ့ကာ  မွန်းလွဲ (၁)နာရီတွင် Book Review ဖတ်ကြားခြင်းကိုစတင်ခဲ့ပြီး ဒေါက်တာခင်သီတာ(ဒုတိယညွှန်ကြားရေးမှူး)မှ U Sein Thet ရေးသားသော Climate Change In Myanmar စာအုပ်ကို Book Review အဖြစ်ဖတ်ကြားတင်သွင်းခဲ့ပါသည်။