သမိုင်းဘာသာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲနှင့် စာတမ်းဖတ်ကြားဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြီးစီး

နေပြည်တော် ဇန်နဝါရီ ၂၉

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနနှင့် ဆက်စပ်ဌာနများရှိ အရာထမ်း အမှုထမ်းများ၏ capacity Building မြုင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၏ သမိုင်းဘာသာရပ်ဆိုင်ရာဆွေးနွေးဟောပြောပွဲနှင့် စာတမ်းကြားဆွေးနွေးခြင်းကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ “သမိုင်းဘာသာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ´´အား ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၂၉)ရက် ( ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အဆောင်(C)ရှိ International Conference Hall ၌ ကျင်းပ ပြုလုပ်ရာ ဦးသိန်းလှိုင် အဖွဲ့ဝင်၊မြန်မာသမိုင်းအဖွဲ့မှ “ညောင်ရမ်းခေတ်ဆိုင်ရာ သုတေသန တွေ့ရှိချက်အချို့´´ စာတမ်းကိုဖတ်ကြားခဲ့ပါသည်။

စာတမ်း အကျဉ်းမှာ  ညောင်ရမ်းခေတ်ခရစ်၁၅၉၈-၁၇၅၂ ဖြစ်ကာ မင်း (၁၀)ဆက် အုပ်စိုးခဲ့ပါ ကြောင်း-အင်းဝမြို့ဟောင်းရှို ခရစ်နှစ် ၁၆၀၇ ခုနှစ်တွင် အနောက်ဘက်လွန်မင်းရေးထိုးခဲ့သည် မဟာမြတ်မုနိဘုရားကျောက်စာမှ ရရှိခဲ့သော အသိသစ်အမြင်သစ်များကို ဖော်ပြခဲ့ပါသည်။ ဦးကုလားရာဇာဝင်ကြီးတွင် ရေးသားခဲ့သော အကြောင်းအရာအချိုု့မှာ မဟာမြတ်မုနိဘုရား ကျောက်စာပါ အချက်အလက်အချို့နှင့်လွဲမှားနေပုံအကြောင်း၊

မြန်မာနိုင်ငံတွင် စကျင်ကျောက်ဖြင့် ဘုရားဆင်းတုတော်ထုလုပ်ခြင်း၊ ညောင်ရမ်းခေတ်တွင်မှ စတင် ထုလုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

ညောင်ရမ်းခေတ်တွင် အထောက်အထားများအရ သွေးသောက်စုများ၊ မြင်းစုများ၊ သေနတ်တပ်ဖွဲ့များဖွဲ့စည်းထားပြီး အစဉ်အမြဲလေ့ကျင့်စေခြင်း။ ဆင်တပ်၊ လှေသင်းဖွဲ့ ထားခြင်း အမြှောက်စု များအမြဲတမ်းစစ်တပ်ကြီး အဖြစ်ဖွဲ့စည်းထားခြင်းကို တွေ့ရကြောင်း။

ကိုးကန့်လူမျိုးများသည် ညောင်ရမ်းခေတ်တွင် စတင်ပေါ်ပေါက်လာခဲ့ပုံတို့ကို သမိုင်းကြောင်း နှင့်တကွရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသိများကို မေးမြန်း ဆွေးနွေးကြကာ အခမ်းအနားကို နေ့လည် ၁၁နာရီ ၄၅ မိနစ်ခန့်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။