နေပြည်တော် ဖေဖော်ဝါရီ ၅
အနာဂတ်လူငယ်များဖြစ်သည့်ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအားစာဖတ်ခြင်း အလေ့အထရရှိစေရန်ပျိုးထောင်ပေးခြင်းအနေဖြင့် အာဆီယံ-ကိုရီးယား၏ “ အတူတူစာဖတ်ကြစို့” စီမံကိန်းအရ “ စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား အတူစာဖတ်စို့လား ” အစီအစဉ်အတွက် “အသံထွက်၍စာဖတ်ပြခြင်း” သင်တန်းကို အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ၄-၂-၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန(ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(ရန်ကုန်) မှဌာနခွဲတာဝန်ခံ၊ အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ပန်းပဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံနှင့်စာကြည့်တိုက်မှူး များ၊ ပန်းဘဲတန်းမြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Community Center များနှင့် ရန်ကင်းပညာရေးကောလိပ်မှဆရာ/ဆရာမများ၊ အမျိုးသား စာကြည့်တိုက်(ရန်ကုန်)မှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက် ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသား စာကြည့်တိုက်(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက အာဆီယံ-ကိုရီးယား ၏ “စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား အတူစာဖတ်စို့လား” အစီအစဉ်အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
“အသံထွက်၍စာဖတ်ပြခြင်းသင်တန်း” သို့သင်တန်းသား (၂၂၃) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကိုဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်အထိဖွင့်လှစ်သွားမည်ဖြစ်ပါသည်။