ပုဂံယဉ်ကျေးမှုအမွေအေနှစ်ဒေသ၌ (၂၁.၂.၂၀၁၆)ရက်နေ့တွင်အမေရိကန် နိုင်ငံသား(၁)ဦး ရွှေဂူကြီးဘုရား ကွမ်းတောင်အထက်ပိုင်းသို့ တက်ရောက်ရာမှ ပစ္စယာပေါ်သို့ပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၁၅.၇.၂၀၁၇)ရက်နေ့ တွင် ဂျာမနီနိုင်ငံသူ(၁)ဦး မင်းနန်သူတောင်ဘက် ဘုရားအမှတ် (၅၇၁)မှ ပြုတ်ကျခဲ့ရာ ညာဘက်နံရိုးနှစ်ချောင်းကျိုး၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၇.၁၁.၂၀၁၇) ရက်နေ့တွင် အမေရိကန် နိုင်ငံသူ(၁)ဦး ဝတ္တနတော ဘုရားစု ဘုရားအမှတ်(၃၅၂)တွင် ရှုခင်းအလှ ဓါတ်ပုံရိုက်ကူးရာမှ ပြုတ်ကျ၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့ခြင်း၊ (၂၇.၃.၂၀၁၈)ရက်နေ့တွင် ဂျာမနီ နိုင်ငံသူ(၁)ဦး မြင်းကပါကျေးရွာအနီးရှိ ဘုရားအမှတ်(၁၂၉၁)တွင် ရှုခင်း အလှဓါတ်ပုံ ရိုက်ကူးရာမှ ပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊ (၁၂.၁၂.၂၀၁၈) ရက်နေ့တွင် အမေရိကန်နိုင်ငံသူ(၁)ဦး အနောက် လိုဏ်ရှည် ဘုရားအမှတ်(၃၈၆)မှ ပြုတ်ကျခဲ့ရာ ညာဘက် တင်ပဆုံရိုးနှင့် ခြေသလုံးရိုးကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း၊ (၃၀.၁.၂၀၁၉)ရက်နေ့ တွင် ပြင်သစ်နိုင်ငံသား(၁)ဦး ရှင်အရဟံသိမ်၏ အရှေ့ဘက် ဘုရား အမှတ် (၁၂၈၉)မှ ပြုတ်ကျ၍ ညာဘက် ဒူးခေါင်း ဂုံညင်းရိုးကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းနှင့် (၁၆.၈.၂၀၁၉)ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ကိုရီးယားနိုင်ငံသား(၁)ဦး မင်းနန်သူကျေးရွာအနီး လေးမျက်နှာ ဘုရားဝင်း အတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ်(၄၄၈) လေးမျက်နှာ အုတ် ကျောင်း ၏ အနောက်တောင်ထောင့်၊ မြေပြင်မှ(၁၅)ပေခန့်၊ အုတ်ကျောင်း လှေကား၏ ပထမဆင့်နေရာ၌ သေဆုံးလျက် ရှိခြင်းနှင့် (၁၄.၂.၂၀၂၀) ရက်နေ့တွင် နေထွက်ရှုခင်း ကြည့်ရှုရန်အတွက် ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသ၊ ဆူးလေကုန်းဘုရားစု၊ ရှေးဟောင်း အဆောက်အအုံ အမှတ် (၃၂၈-ခ)ပေါ်သို့ တက်ရောက်၍ စေတီတော်၏ ဖောင်းရစ်အထက်ရှိ အထွဋ်(ခရေသီး)ကို ဆွဲကိုင်ရာမှ ခရေသီးပဲ့ကျ ၍ လိမ့်ကျခဲ့ရာ ညာဘက် ဆီးခုံရိုးကွင်း အောက်ကျိုးဒဏ်ရာ ခြေချော်လိမ့်ကျ ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။
မိမိတို့ဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ရှေးဟောင်းအဆောက်အအုံ များပေါ်သို့ တက်ရောက် မှုမရှိစေရေး ယဉ်ကျေးမှုနယ်မြေအတွင်း အမြဲမပြတ်လှည့်လည်ကြီးကြပ် တားမြစ်ဆောင်ရွက် လျက်ရှိပါသည်။ ဘုရားပေါ်သို့ မတက်ရောက် စေရန်အတွက် သတိပေးနှိုးဆော်ချက် ဆိုင်းဘုတ်များကိုလည်း (မြန်မာ/အင်္ဂလိပ်) နှစ်ဘာသာဖြင့် ပြည်တွင်း/ ပြည်ပဧည့်သည် အများအပြား လာရောက်လေ့လာ လျက်ရှိသော နေရာများ၊ အခြား သင့်လျော်သည့် နေရာများတို့တွင် စိုက်ထူ ထားရှိပြီး မကြာခဏ အသိပညာ ပေးရေး လုပ်ငန်း များလည်း ဆောင်ရွက်လျက် ရှိပါ သည်။
ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် သက်တမ်းအားဖြင့် နှစ်ကာလကြာမြင့် နေသော အုတ်အဆောက်အအုံများ ဖြစ်သောကြောင့် ဘုရားပေါ်သို့ တက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ်ရှိနိုင်သည့် အတွက် တက်ရောက်ခြင်း မပြုကြပါ ရန်နှင့် နယ်မြေဒေသအတွင်း ကျယ်ပြန့်စွာတည်ရှိနေသည့် ရှေးဟောင်းအမွေအနှစ်များ ပေါ်သို့ တက်ရောက်ခြင်းမပြုကြရန် ပြည်သူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန