၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၏ ယဉ်ကျေးမှုရတနာ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ လုံခြုံရေးကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အာဇာနည်နေ့အခမ်းအနားများကို နိုင်ငံတော်အဆင့် အခမ်း အနားအဖြစ် နှစ်စဉ်မပျက် ကျင်းပခဲ့သည်မှာ (၇၄)နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုလိုနှစ်စဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များကို လွမ်းဆွတ်သတိရရုံသက်သက်မျှမကဘဲ အသက်သွေးချွေးများဖြင့် ပေးဆပ်ပြီး ရယူခဲ့ ရသည့် လွတ်လပ်ရေး၏ တန်ဖိုးကို သိရှိနားလည်၍ နိုင်ငံ့လွတ်လပ်ရေးအား နိုင်ငံသူ နိုင်ငံသား အားလုံးက ထိန်းသိမ်းစောင့်ရှောက်ရမည်ဆိုသည့် စိတ်ဓာတ်ကို လက်ဆင့်ကမ်းအမွေ မျှဝေပေး နေခြင်းဖြစ်ပါကြောင်း။
ယခုနှစ် ကျင်းပမည့် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် လုံခြုံရေးကော်မတီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၃၈/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။
၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဗဟိုကော်မတီ အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်(၃)ရပ် ချမှတ်ထားပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပရေးအတွက် မူဝါဒများချမှတ်ခြင်း၊ အာဇာနည်နေ့ အခမ်းအနား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် လုံခြုံရေး ကော်မတီတို့၏ လုပ်ငန်းများအား ကြီးကြပ်လမ်းညွှန်ခြင်းနှင့် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) လုံခြုံမှုရှိစေရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း။
(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီကို လုပ်ငန်းတာဝန်(၃)ရပ် ချမှတ်ကာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး လုပ်ငန်းကော်မတီဝင် ၂၆ ဦးဖြင့်လည်းကောင်း၊ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုံခြုံရေးကော်မတီကို လုပ်ငန်းတာဝန် (၁၂)ရပ် ချမှတ်ကာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ကော်မတီဝင် ၁၆ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းထားပါကြောင်း။
ချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျရှိပြီး အဆင်ပြေချောမွေ့စေရေးအတွက် ဆပ်ကော်မတီ (၈)ခုကို လည်း ယခင်နှစ်များနည်းတူ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းဆပ်ကော်မတီများမှာ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်း ပြုစုရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်း ထိန်းသိမ်းရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနား ကျင်းပရေးဆပ်ကော်မတီတို့ဖြစ်ပါ ကြောင်း၊ ယမန်နှစ်က ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တို့ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပါကြောင်း၊ ယခုနှစ်မှာ ဖွင့်လှစ် ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုနှစ်ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားသည် ယမန်နှစ်ကကဲ့သို့ Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။
ယခုနှစ် အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်း မီဒီယာများမှတစ်ဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများကို ကြိုတင်ထုတ်လွှင့်ခြင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်တွင် လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော် အလံ တိုင်ဝက် လွှင့်ထူအလေးပြုခြင်းနှင့် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်များအား ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပမည့် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများကို အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ကူးစက်ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး အကောင်းဆုံးအစီအမံများချမှတ်ကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
အာဇာနည်ဗိမာန်တွင် ကျင်းပမည့် အာဇာနည်နေ့အခမ်းအနားအတွက် လိုအပ်သည့် အခမ်းအနားပြင်ဆင်မှုများကို အချိန်မီပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများအပါအဝင် တက်ရောက် လာကြသူများအား ကြိုဆိုနေရာချထားရာတွင် လစ်ဟာမှု မရှိစေရေး၊ COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာစေရေး ဝိုင်းဝန်းပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ဂါရဝပြုသည့်အဖွဲ့များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်/အထွက် အချိန်ကိုက်ဖြစ်စေ ရေးတို့ကို သေချာစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) တွင် ကျင်းပမည့် အလံတင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် စနစ်တကျစုဖွဲ့ပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း။
လုံခြုံရေးကော်မတီအနေဖြင့် အခမ်းအနားကျင်းပမည့် နေရာများ၌ လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် လုပ်ငန်းတာဝန် (၁၂)ရပ်ကို လစ်ဟာမှုမရှိအောင် အထူး အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်လည်း အာဇာနည်နေ့နှင့် သက်ဆိုင်သော အကြောင်းအရာများအား ပြည်သူများ သိရှိနိုင်ရန်အတွက် ယခင်နှစ်များနည်းတူ သတင်းဆောင်းပါးများ၊ အင်တာဗျူးများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သော မှတ်တမ်းများ၊ ရုပ်ရှင်ကားများ စသည်တို့ကို သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ကြိုတင်ထုတ်လွှင့်နိုင်ရေး စီမံ ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။
(၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို စနစ်တကျ အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုံခြုံရေးကော်မတီနှင့် ဆပ်ကော်မတီ အသီးသီး တို့အနေဖြင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအပြင် ကျန်းမာရေးဆိုင်ရာ ရှုထောင့်များကိုပါ အခြေခံပြီး ယခုကျင်းပမည့် အခမ်းအနားများ အောင်မြင်အောင် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြရန် ပြောကြားသည်။
ဆက်လက်၍ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အခမ်းအနား ကျင်းပရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်း တာဝန်အလိုက် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအပေါ်မူတည်၍ အာဇာနည်နေ့ အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ အခမ်းအနားပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ် များ၊ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အလံတင် အခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လုံခြုံရေးအထူး ဂရုပြုရန်နှင့် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်သူများအားလုံး COVID-19 Test စစ်ဆေးမှုများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်ပြောကြား၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။