Consultative Workshop on Circular Economy

၃၀.၆.၂၀၂၁                                                                                                နေပြည်တော်

အာဆီယံစီးပွားရေးအသိုက်အဝန်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူးကျင်းပ ပြု လုပ်သည့် (Consultative Workshop on Circular Economy)သို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ASCC ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

           အစည်းအဝေးတွင် အာဆီယံ၏ အသိုက်အဝန်းမဏ္ဍိုင်ကြီး(၃)ရပ်အောက်ရှိ သက်ဆိုင် ရာ လုပ်ငန်းအစုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စံသတ်မှတ်ချက်များနှင့် အရည်အသွေးဆိုင်ရာ အာဆီယံအတိုင်ပင်ခံကော်မတီ(ACCSQ)၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အာဆီယံညှိနှိုင်းရေးကော်မတီ(ACCMSME)၊ အာဆီယံ အမျိုးသားခရီးသွားအဖွဲ့အစည်း များ (ASEAN NTOs)၊ အာဆီယံစမတ်မြို့ကြီးများကွန်ယက်(ASCN)၊ အာဆီယံကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ပူးတွဲအကြံပေးကော်မတီ (ATF-JCC)၊ ဉာဏပစ္စည်းမူပိုင်ခွင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့(AWGIPC)တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင် ပညာရှင်များမှ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်အတွက် ပြန်လည်စီးပွားရေးဆိုင်ရာမူဘောင် (မူကြမ်း)၊ စံနှုန်းသဟဇာတနှင့် ပြန်လည်အသုံးချဆိုင်ရာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ အပြန်အလှန် အသိအမှတ်ပြုမှု၊ ကုန်သွယ်မှုပွင့်လင်းမြင်သာခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာပံ့ပိုး ကူညီမှု၊ ဆန်းသစ်တီထွင်မှု၊ Digitalisation နှင့် နည်းပညာများ ပေါ်ထွန်းလာခြင်းတို့၏ ပိုမို မြင့်မားလာမှု၊ ရေရှည်တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေးနှင့် ဆန်းသစ်သောရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းအင်နှင့် အခြားအရင်း အမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းစသည့် ဦးစားပေးမဟာ ဗျူဟာ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။