အာဆီယံ-ဂျပန် ဆွေးနွေးဖက် ဆက်ဆံရေးထူထောင်ခြင်း နှစ်(၅၀)ပြည့်အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ “Roundtable on ASEAN-Japan: Reviewing the Journey travelled, towards the 50th Anniversary of Dialogue Partnership”

           ဗီယက်နမ်နိုင်ငံမှ ကြီးမှူးကျင်းပပြုလုပ်သည့် အာဆီယံ-ဂျပန် ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၅၀)ပြည့်အထိမ်းအမှတ် အကြိုဆွေးနွေးပွဲကို ၂၁-၇-၂၀၂၁ ရက်နေ့ နံနက် မြန်မာစံတော်ချိန် နံနက် ၀၈: ၀၀ မှ နေ့လည် ၁၂ : ၀၀ အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

           အစည်းအဝေးသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်း သုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ASCC ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

           အစည်းအဝေးတွင် အာဆီယံ-ဂျပန် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စများ၊ ကိုဗစ်ကာလနှင့် ကိုဗစ် ကာလအလွန် အာဆီယံနိုင်ငံများအတွက် ဂျပန်နိုင်ငံ၏ ထောက်ပံ့ကူညီမှုကိစ္စရပ်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ  သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ သမိုင်း သုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader)က အာဆီယံ-ဂျပန် ယဉ်ကျေးမှုကဏ္ဍနှင့်သက်ဆိုင်သည့် ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။