သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ်ပညာမွမ်းမံသင်တန်းအမှတ်စဉ်(၁/ ၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူထမ်း ဆောင်လျက်ရှိသောဝန်ထမ်းများအနေဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်ရည်ရွယ်၍ ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ် ပညာမွမ်းမံသင်တန်းအမှတ်စဉ်(၁/ ၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ (၁၂-၁၁-၂၀၂၁)ရက်နေ့ (၁၃:3၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သူ (၃၀)ဦး၊  Video Conference ဖြင့် (၅၀)ဦး၊ စုစုပေါင်း (၈၀)ဦးတို့  ပါဝင်တက်ရောက်ကြပါသည်။

သင်တန်းဆင်းပွဲ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အမှာစကားပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဘဏ္ဍာရေးဆိုင်ရာဝန်ထမ်း များအား ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ်ပညာမွမ်းမံသင်တန်းကို  တစ်နှစ်လျှင်(၂)ကြိမ် သင်တန်း ပေးရန်ရည်ရွယ်ထားပါကြောင်း၊ ယခု သင်တန်းအမှတ်စဉ်(၁/ ၂၀၂၁)ကို အောင်မြင်စွာ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့တဲ့အတွက် သင်ကြား/ သင်ယူပေးခဲ့ကြတဲ့ သင်တန်းနည်းပြများနှင့် သင်တန်း သားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

ယခုသင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရုံးဌာနခွဲများနှင့် တက္ကသိုလ်(၂)ခုတို့မှ ဝန်ထမ်းဦးရေ (၅၀)ဦး Online စနစ်ဖြင့် တက်ရောက်ခဲ့ပါကြောင်း၊ သင်တန်းကာလအတွင်း ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဦးစီးဌာနများ၏ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်း(ဌစ)၊ ရသုံး မှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ဌာနတွင်းစာရင်းစစ်ဆေးခြင်း၊ ရသုံးမှန်းခြေငွေစာရင်း အကောင် အထည်ဖော်မှုကို စစ်ဆေးခြင်း၊ ဌာနဆိုင်ရာ(ဌစ)စာရင်းများစစ်ဆေးမှုအစီအစဉ်၊ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များအကြောင်းကို သင်ကြားပို့ချပေးခဲ့တဲ့အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပိုမိုသိရှိ

လေ့လာနိုင်ခဲ့ပြီး လက်တွေ့ဆောင်ရွက်ရာတွင်လည်း ထိရောက်စွာအသုံးချကြဖို့ မှာကြားလိုကြောင်း၊ သင်တန်းသားများအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ပိုမိုသိရှိလာသည်နှင့်အမျှ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုပြုဆောင်ရွက်ကြခြင်းဖြင့် လိုအပ်ချက်များ လျော့နည်းသွားမှာဖြစ်ကြောင်း၊

ဘဏ္ဍာရေးဝန်ထမ်းများအနေနဲ့ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာမှာ ဌာနဂုဏ်သိက္ခာ၊ ဌာနပုံရိပ်ကို ဝိုင်းဝန်းမြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ ထမ်းဆောင်ရမည့်တာဝန်များကို ယုတ် လျော့ခြင်းမရှိစေဘဲ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည်များကို လေ့လာသင်ယူမှတ်သားပြီး လက်အောက်ငယ်သားများ ကိုလည်း ပညာရပ်ပိုင်းဆိုင်ရာ၊ အတွေ့အကြုံများကို တတ်သိနားလည်အောင် ဆက်လက်ဖြန့်ဝေပြီး လက်ဆင့်ကမ်းပေးကြရန် မှာကြားလိုကြောင်း၊

နိဂုံးချုပ်အနေဖြင့် ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ်ပညာမွမ်းမံသင်တန်း (၁/ ၂၀၂၁)သို့ လာရောက်သင်ကြားပို့ချပေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးတို့မှ သင်တန်းနည်းပြ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်ထပ် ဖွင့်လှစ် မည့် ဌာနတွင်းဘဏ္ဍာရေးနှင့်စာရင်းစစ်ပညာမွမ်းမံသင်တန်းများတွင်လည်း ဆက်လက် သင်ကြား ပို့ချပေးနိုင်ရေး ပါဝင်ပေးပါရန်မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

          ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ်ပညာမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို (၈-၁၁-၂၀၂၁) ရက်နေ့မှ (၁၂-၁၁-၂၀၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သူ (၃၀)ဦး၊  Video Conference ဖြင့် (၅၀)ဦး၊ စုစုပေါင်း (၈၀)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။