သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင်ဖွင့်လှစ်လျှက်ရှိသော ရှေးဟောင်းကမ္ပည်း ကျောက်စာပညာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်း (ပျူစာပေနှင့် ပါဠိ၊ သက္ကတ) အဆင့်(၁) Level-I သို့ သွားရောက်၍ သင်တန်းသား/ သင်တန်းသူ များနှင့်တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့ပါသည်။