သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ရောက်ရှိ၍ သျှစ်သောင်းပုထိုးတော်ကြီးအဝင် မုခ်ဦးရှိ အာရှပစိဖိတ်ဒေသ မှတ်တမ်းအမွေအနှစ်စာရင်းဝင် အာနန္ဒစန္ဒြကျောက်စာတိုင်ကို လေ့လာကြည့်ရှု့ပြီး ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်စာရင်း တင်သွင်းထားဆဲဖြစ်၍ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်၊ အာနန္ဒစန္ဒြကျောက်စာနှင့်ပတ်သက်၍ ဝေသာလီခေတ် အေဒီ(၄)ရာစုမှ (၁၀)ရာစုအထိ ခေတ်အဆင့်ဆင့်တွင် ရေးထိုးခဲ့သည်ကို ပြည်သူလူထု သိရှိနားလည်စေရန် ပြည့်ပြည့်စုံစုံ ဖော်ပြပေးရန် မှာကြားပါသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သျှစ်သောင်းပုထိုးတော်ကြီးသို့ ရောက်ရှိပြီး မိုးယိုစိမ့်မှု အခြေအနေနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင် များ၏ စိစစ်အကြုံပြုချက်များနှင့်အညီ ပြုပြင်ထိန်းသိမ်းရန် မှာကြားခဲ့သည်။ ထို့နောက် အံတော် သိမ်ဘုရား၊ လောင်ပွန်းပြောက်ဘုရား၊ ချိန်ကိုက်ပိဋကတ်တိုက် ၊ ထုက္ကန်သိမ်ဘုရား များသို့ သွားရောက်၍ ကြည့်ရှု့စစ်ဆေးပြီး မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသည် အမျိုးသား အဆင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ထားသည်နှင့်အညီ သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှုတန်ဖိုးများမြင့်မားသဖြင့် ရေရှည်တည်တံ့ စေရန်နှင့် ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ရှေးဟောင်းအဆောက်အဦအား ထိန်းသိမ်းရာတွင် ရှေးမူလက်ရာမပျက် ထိန်းသိမ်း ရေး၊ ကျုးကျော်တည်ဆောက်မှုများမရှိစေရေး၊ သာသနိက အဆောက်အအုံများကိုလည်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ စိစစ်ထောက်ခံချက်၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် ဒေသခံပြည်သူများအား အသိပညာပေးရန်နှင့် ရှေးဟောင်းအမွေအနှစ် မြင်ကွင်း မထိခိုက်စေရေးအတွက် အဆောက် အအုံအသစ် တည်ဆောက်မှု မှန်သမျှကိုပါ စနစ်တကျစိစစ်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ မြောက်ဦးဌာနခွဲ၏ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခဲ့သည့် မြောက်ဦးမြို့ တေဇရာမစေတီတော် အရေးပေါ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း၊ မြောက်ဦးမြို့ မဟာဗောဓိရွှေဂူဘုရား အရေးပေါ်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ မြောက်ဦးဇုန်တိုင်များ စိုက်ထူခြင်း၊ ရွှေ့ပြောင်းစိုက်ထူခြင်းနှင့် ဆိုင်းဘုတ်များ ပြုလုပ်ခြင်းလုပ်ငန်း၊ မြောက်ဦးမြို့ သက္ကုမာရ်အောင်ဘုရားအနီး ကွင်းပြင်နေရာအား ကျူးကျော်မှုရန်မှ ကာကွယ်ရန် သံပိုက်လုံးများဖြင့် ကာရံခြင်းလုပ်ငန်း၊ ထုက္ကန်သိမ် ပုထိုးတော်ကြီး၊ မင်းခေါင်ရွှေတူ၊ မဟာပညာကျော်တိုက်ပွဲရှောင်စခန်းနှင့် ပန်းချီမြောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင် စနစ်တကျဆောင်ရွက်သွားရန်၊ ဘဏ္ဍာငွေအလေအလွင့်မရှိစေရေး တာဝန်ရှိသူ အဆင့် ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်နှင့်  UNESCO ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျပြုပြင်ထိန်းသိမ်းသွားရန် မှာကြားခဲ့ပါ သည်။

ဆက်လက်၍ နေ့လယ်ပိုင်း၌ မြောက်ဦးဌာနခွဲရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ ဌာနသည် ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး တိမ်မြုပ်နေသော ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေ ဖော်ထုတ်ရသောဌာနဖြစ်သည့်အားလျော်စွာ ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ပြည်နယ်အစိုးရအဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုအဖွဲ့အစည်း များ၊  ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ သက်ရောက်ဆဲ ကာလဖြစ်သဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားကြရန်နှင့် နိုင်ငံ့ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို အလေးထားလိုက်နာရန် လိုအပ်ပါကြောင်း၊ ခရစ်သက္ကရာဇ် ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့သော မြောက်ဦးမြို့သည်  တောင်ကုန်း၊ တောင်တန်းထူထပ်သော နေရာတွင် ခိုင်မာသည့် ခံတပ်မြို့တစ်ခုဖြစ်ပါကြောင်း၊ မြောက်ဦးမြို့သည် တစ်ချိန်က ဝေးလံသောဒေသများမှလာသည့်ကုန်စည်များအတွက် အလွန် အရေးပါသော ကုန်သွယ်ရေး၊ သမိုင်းကြောင်းများနှင့် အဖိုးတန်ရတနာများကြောင့် “ရွှေမြို့တော်” ဟု ပေါ်တူဂီနှင့် ဒတ်ချ် ခရီးသွားများကခေါ်ဝေါ်ခဲ့ပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက်  အဆိုပြုစာတွဲအပြည့်အစုံကို (၃၀-၁၂-၂၀၂၁) ရက်နေ့တွင် သက်ဆိုင်ရာသို့တင်ပြပြီးဖြစ်ပါကြောင်း၊ International Council On Monuments and Sites (ICOMOS) မှ ပညာရှင်များသည် မကြာမီ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် အဆုံးအဖြတ်ပေးမည်ဖြစ်ပါကြောင်း၊  ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ပါက ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်် အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် အားလုံးကပူးပေါင်းပါဝင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။