မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ရှင်းလင်းတင်ပြခြင်း၊ လက်တွေ့သရုပ်ပြသခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ရှင်းလင်းတင်ပြခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း အခမ်းအနားကို ၁၁-၃-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)နှင့် သင်ကြားရေးဌာနမှ ပါမောက္ခ/ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး(အင်ဂျင်နီယာ)၊ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ အဆောင်မှူးများ၊ အဆောင်တာဝန်ခံများ စုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ကိုကိုက  မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မိမိပေါ့ဆမှုတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားတတ်ခြင်း၊ မီးပွားကျခြင်းမှ လောင်ကျွမ်း တတ်ခြင်း၊  ဓာတ်ဆီဖြည့်တင်းနေရာမှ လောင်ကျွမ်းတတ်ခြင်း သစ်ပင်များ အချင်းချင်းပွတ်တိုက် ရာမှ လောင်ကျွမ်းတတ်ခြင်း၊ လျှပ်စစ်မီးကြိုးများမှ အပူလွန်ကဲ၍ လောင်ကျွမ်းတတ်ခြင်း စသည့် မီးလောင်မှုဖြစ်စေနိုင်သည့် အချက်အလက်များကို သတိပြုမိစေရန်နှင့် မီးလောင်မှုဖြစ်ပွားရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အသေးစိတ်ရှင်းလင်း‌ပြောကြားခဲ့ပါသည်။           ထို့နောက် မီးသတ်ဦးစီးဌာနက တပ်ကြပ်ကြီး ဦးဝေလင်းက စွယ်တော်ဆောင်ရှေ့တွင် မီးသတ်ဆေးဗူးများအသုံးပြုပုံနှင့် မီးလောင်ကျွမ်းနေသည့်အခါ မီးတောက်အား မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သင်ကြားသရုပ်ပြသခြင်း၊ တက္ကသိုလ်ရှိ အဆောင်မှူးများ၊ အဆောင်တာဝန်ခံများ၊ ဝန်ထမ်း အိမ်ရာအသီးသီးနေထိုင်သောဝန်ထမ်းများက တစ်ဦးချင်းအလိုက် လက်တွေ့ မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။