သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်တန်းဆင်းအောင် လက်မှတ် အပ်နှင်းပွဲအခမ်းအနားကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်တန်းဆင်းအောင် လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ၂၅.၃.၂၀၂၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အနုပညာ အထက်တန်းကျောင်းဝင်းရှိ ကမ္ဘောဇလေ့ကျင့်ဇာတ်ရုံငယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပန်တျာဌာနနှင့် ပန်းချီ ပန်းပုဌာနတို့ မှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း အောင်လက်မှတ်နှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ပန်တျာဌာနမှ သင်တန်းဆင်း ကျောင်းသားကျောင်းသူများက ပဒေသာကပွဲဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။