သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကို လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားတက်ရောက်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲ တော်(Puppet Festival of Lancang-Mekong) ဖွင့်ပွဲအခမ်းအနားကို ၃၀-၃-၂၀၂၂ ရက်နေ့ နံနက်ပိုင်းကမန္တလေးမြို့၊မြနန်းဘုံစံရတနာပုံခန်းမတွင်  Vritual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါ သည်။ အခမ်းအနားတွင် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Chan Hai၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင် ရွက်ရေးကော်မတီ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊  လန်ချန်း-မဲခေါင် ရုပ်သေး ပွဲတော် ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်  (မန္တလေး)မှ ပါမောက္ခချုပ်ဦးအောင်ဆန်းဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများ၊ ဆရာ၊ဆရာမများ၊ မြန်မာနိုင်ငံကိုယ်စားပြု ရုပ်သေးပညာရှင်ကြီးများနှင့် တာဝန်ရှိသူများ လန်ချန်း-မဲခေါင်း ဒေသတွင်းနိုင်ငံများ ဖြစ်သောကမ္ဘာဒီးယားနိုင်ငံ၊တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊လာအိုနိုင်ငံ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှရုပ်သေးပညာရှင်များတက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရအခမ်းအနားကို အမှတ်စဉ်ရေတွက်၍ဖွင့်လှစ်ခဲ့ပြီးနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို  က  Vritual စနစ်ဖြင့် အဖွင့်နှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် မဲခေါင် – လန်ချန်း မြစ်ဝှမ်း တစ်လျှောက်မှာ ရှေးယခင်ကတည်း က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၊ ထိုင်းနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့ဟာ မဲခေါင်မြစ်ကို အမှီသဟဲ ပြု၍အတူတကွတည်ရှိ ခဲ့ကြ ပြီး ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများရဲ့ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ရိုးရာရုပ်သေး ပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ဆိုင်ရာမှာ ယခုခေတ် လူငယ်များဟာ ရိုးရာရုပ်သေးပညာရပ်ကို စိတ်ဝင်စားမှု လျော့နည်း လာပြီး အခက်အခဲ အချို့ကို ရင်ဆိုင်နေကြ ရတဲ့ အတွက်ကြောင့်  ဒေသတွင်းနိုင်ငံ များအနေနဲ့ ရိုးရာ ရုပ်သေးပညာရပ်ကို မျှဝေရန်နှင့် ရိုးရာဓလေ့များကို ဒေသတွင်းနိုင်ငံများမှ လူငယ်များ အား အသိပညာမြှင့်တင် ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊

ထို့ကြောင့် မဲခေါင် – လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင် (၆) နိုင်ငံမှ ရုပ်သေးပညာရှင်များ ပါဝင်သည့် လန်ချန်း – မဲခေါင် ရုပ်သေးပွဲတော်ကို ၂၀၂၂ ခုနှစ် မတ်လ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့အထိ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (မန္တလေး) မှာVritualစနစ်ဖြင့် ယခုကဲ့သို့ လက်ခံကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊

မျက်မှောက်ခေတ်ကာလ ယဉ်ကျေးမှုဖလှယ်ခြင်းမှတဆင့် လူမှုအသိုက် အဝန်းများ ဖြစ်သော ဘာသာစကား၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ပွင့်လင်းမြင်သာမှုများ ခိုင်မြဲလာ စေရန်နဲ့ အချင်းချင်း အပြန်အလှန် နားလည်မှု တိုးမြှင့်လာစေရန်မှာ အလွန်အရေးကြီး ပါကြောင်း၊ ယခု ရုပ်သေးပွဲတော်သည် မဲခေါင် – လန်ချန်း ဒေသတွင်းမှာရှိတဲ့ အဖွဲ့ဝင် (၆) နိုင်ငံမှ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ရုပ်သေးပညာရှင်များအကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရမည့် မဲခေါင် – လန်ချန်း ယဉ်ကျေးမှု ဖလှယ်ရေး နယ်ပယ်တည်ထောင်နိုင်ရန် ရည်ရွယ်လျက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊

လန်ချန်း – မဲခေါင် ရုပ်သေးပွဲတော်သို့ မဲခေါင် – လန်ချန်း ဒေသတွင်း အဖွဲ့ဝင် ၆ နိုင်ငံမှ တစ်နိုင်ငံလျှင် ရုပ်သေးပညာရှင် ၅ ဦးနှင့် ခေါင်းဆောင် ၁ ဦး၊ စုစုပေါင်း ၆ ဦးစီ ဖိတ်ကြား ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၆ နိုင်ငံမှ ရုပ်သေးပညာရှင်များရဲ့ ရုပ်သေး အကများ တင်ဆက်ကပြခြင်း၊ မိမိတို့နိုင်ငံ၏ ရုပ်သေးပညာဆိုင်ရာ သရုပ်ပြမှုများ ပြုလုပ်ခြင်းနှင့် စာတမ်း ဖတ်ကြားခြင်းများကို ဆောင်ရွက်ကြမှာ ဖြစ်ပါကြောင်း၊

မဲခေါင် – လန်ချန်း ဒေသတွင်း နိုင်ငံများရှိ ရုပ်သေးပညာရှင်များ တွေ့ဆုံကျင်းပသည့် ရုပ်သေးပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီ ထောက်ပံ့ပေးခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက် ကြသောတရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြသော မဲခေါင် – လန်ချန်း ဒေသတွင်းရှိ အဖွဲ့ဝင် ၆ နိုင်ငံမှ ရုပ်သေးပညာရှင် ကိုယ်စားလှယ် များအား ပြည်ထောင်စုသမ္မတနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန       ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရုပ်သေးပွဲတော်မှ တစ်ဆင့် မဲခေါင် – လန်ချန်း ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင် လူငယ်များ အကြား အချင်းချင်း အပြန်အလှန် ချစ်ခင်ယုံကြည်မှု တစ်ဦး၏ယဉ်ကျေးမှုကိုတစ်ဦးက အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အတွေး အမြင် သစ်များအပြန်အလှန် ဖလှယ်နိုင်မှုများ တိုးတက် ရရှိပါစေကြောင်းနှင့် ရုပ်သေးပွဲတော် ကျင်းပသည့် ကဏ္ဍ အားလုံး အောင်မြင်ပါစေရန် ဆုမွန်ကောင်းတောင်း လိုက်ပါကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Chan Hai နှင့်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများအသီးသီး ပြောကြားခဲ့ကြပါသည်။

ထို့နောက်အစီအစဉ်အရ မြန်မာ့ရုပ်သေးအက အစီအစဉ်များဖြစ်သော နတ်ကတော်အက၊ ဇော်ဂျီအက၊ အရုပ်နှင့်လူကကြိုးတူအကနှင့်လန်ချန်း-မဲခေါင်ဂုဏ်ပြုသီချင်း(ရုပ်သေးအက) တို့ဖြင့် တင်ဆက်ပြသခဲ့ကြပြီး နေ့လည်ပိုင်း တွင် သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ရုပ်သေး ပညာရှင်များက မိမိတို့ရုပ်သေးပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းကာ ရုပ်သေးအနုပညာ အရည်အသွေးများ မြင့်မားလာစေရန်နှင့် ရိုးရာ ရုပ်သေးပညာများကို မြတ်နိုးလာစေရန် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ စာတမ်းများ ဖတ်ကြားဆွေး‌နွေးခဲ့ကြပါသည်။

          လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ကို          ၃၁ – ၃ – ၂၀၂၂  ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ဒုတိယနေ့အစီအစဉ်အရလန်ချန်း-မဲခေါင် ဒေသတွင်းနိုင်ငံများ ဖြစ်သော ကမ္ဘာဒီးယားနိုင်ငံ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များက သက်ဆိုင်ရာနိုင်ငံအလိုက် ၎င်းတို့၏ရုပ်သေးပညာရပ်များကို ရှင်းလင်းသရုပ်ပြခြင်း၊ ဒေသတွင်းရှိ ရိုးရာရုပ်သေးပညာရပ်များ ကို ရင်းရင်းနှီးနှီးအပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

နေ့လည်ပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံအလိုက်ရိုးရာရုပ်သေး ဖျော်ဖြေတင် ဆက်မှုများကိုတင်ဆက်ခဲ့ကြပြီးမြန်မာနိုင်ငံမှသူငယ်တော်အက၊သုံးစုံတွဲနှစ်ပါးအက၊ဦးရွှေရိုး ဒေါ်မိုးအကများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပါသည်၊ အဖွဲ့ဝင်၆နိုင်ငံမှရိုးရာရုပ်သေး အကများပါဝင် သည့် မဲခေါင်-လန်ချန်း ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများရှိရုပ်သေးအနုပညာရှင်များအချင်းချင်း အပြန်အလှန်ချစ်ခင် ယုံကြည်စွာဖြင့် တစ်ဦး၏ ယဉ်ကျေးမှုကိုတစ်ဦးကအပြန်အလှန်လေးစားတန်ဖိုးထားကာ အတူတကွ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းကြောင့် အတွေးသစ်အမြင်သစ်များအပြန်အလှန် ဖလှယ်နိုင်ခဲ့ ကြ၍ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်၊မြှင့်တင်၊ ထိန်းသိမ်းခြင်းအတွက်များစွာ အထောက်အကူပြုနိုင်ခဲ့ ပါသည်။

အဆိုပါအခမ်းအနားသို့လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်   (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှုးများ၊ ဆရာ၊ဆရာမများ၊ မြန်မာနိုင်ငံကိုယ်စားပြု    ရုပ်သေးပညာရှင်ကြီးများနှင့်  တာဝန်ရှိသူများ     လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများဖြစ်သော က‌မ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှရုပ်သေးပညာရှင်များတက်ရောက်ခဲ့‌ကြောင်းသတင်းရရှိပါသည်။