<<<<<<<<<< Previous Page
သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ၂၀၁၉–၂၀၂၀ ဘဏ္ဍာရေးနှစ်(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလထိ) ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ
၁။ သမိုင်းဆိုင်ရာအချက်အလက်အထောက်အထားများ ပြည့်စုံနိုင်ရေးအတွက် ခေတ်အလိုက် ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊
၂။ မြန်မာသမိုင်းသုတေသနစာစောင် အမှတ် (၃၉)၊ (၄၀) နှင့် (၄၁) တို့အား ရေးသားပြုစု ပုံနှိပ်ထုတ်ဝေရန်၊
၃။ မြန်မာသမိုင်းအဖွဲ့ဝင်များ၏ သုတေသနဆောင်ရွက်ချက်များကို ပုံနှိပ်ထုတ်ဝေရန်၊
၄။ ရှားပါးသောအထောက်အထားများဖြစ်သည့် မင်စာများ၊ ပေ၊ ပုရပိုက်များကို စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်ရန်၊
၅။ နိုင်ငံတော်အဆင့် သုတေသနစာတမ်းဖတ်ပွဲများကို နှစ်စဉ်ကျင်းပရန်၊
၆။ လူ့စွမ်းအားဖွံ့ဖြိုးမှု (Capacity Building) ကို ရှေ့ရှု၍ ပြည်တွင်း/ပြည်ပ သင်တန်းများ၊ လေ့လာရေးများ၊ သုတေသနပြုမှုများ စေလွှတ်ရန်၊
၇။ သုတေသနစာတမ်းများ ရေးသားပြုစုပြီး ဌာနတွင်းသုတေသနစာတမ်းဖတ်ပွဲများနှင့် ဌာနတွင်းလေ့ကျင့်ပေးသော အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ပုံမှန်ကျင်းပရန်၊
၈။ မြန်မာသမိုင်းအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တွေ့ဆုံမေးမြန်းသင့်သူများကို တွေ့ဆုံပြီး ကိုယ်တွေ့ပြောကြားချက်လုပ်ငန်း ဆောင်ရွက်ရန်၊
၉။ အဆင့်မြင့်စာကြည့်တိုက်ပညာ စီမံခန့်ခွဲမှုနည်းစနစ်များအား ကျယ်ပြန့်စွာ တိုးချဲ့ ဆောင်ရွက်ရန်၊
၁၀။ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလှုပ်ရှားမှုများအား အများပြည်သူ သိရှိနိုင်ရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့အတွက် အသိပညာပေးပြပွဲများကို တိုးမြှင့်ဆောင် ရွက်ရန်၊
၁၁။ နိုင်ငံတကာနှင့်ချိတ်ဆက်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပနိုင်ရေးဆောင်ရွက်ရန်၊
၁၂။ စာကြည့်တိုက်ပညာရပ်ဆိုင်ရာအခြေခံသင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်၊
၁၃။ ပြည်သူများအတွင်း အမျိုးသားယဉ်ကျေးမှု သမိုင်းအစဉ်အလာတို့ကို ကျယ်ပြန့်စွာ ရောက်ရှိစေရန်နှင့် ချစ်မြတ်နိုးတတ်လာစေရန်တို့အတွက် သတင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသနိုင်ရေး ဆောင်ရွက်ရန်နှင့် အသိပညာဗဟုသုတမျှဝေပေးခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆောင်ရွက်ရန်၊
၁၄။ ဌာနမှ ပြုစုထုတ်ဝေပြီးဖြစ်သည့် စာအုပ်များထဲမှ ရောင်းအားကောင်းသော စာအုပ်များ အား ပြင်ဆင်ဖြည့်စွက်၍ ပြန်လည်ထုတ်ဝေရန်၊
၁၅။ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်ခြင်းနှင့်အတူ အများပြည်သူ လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ရန်အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)တို့အား e-library စနစ်ဖြင့် ချိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုအဆင့်မြှင့်တင်ခြင်း တို့ကို ဆောင်ရွက်ရန်၊
၁၆။ ထိရောက်သော စာကြည့်တိုက်ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စာအုပ်စာတမ်းများ ကို ပြည့်စုံစွာစုဆောင်းရန်နှင့် Digital စနစ်ဖြင့် လိုအပ်သော ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်၊