ရွှေဘိုရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်

ရွှေဘုံရတနာမင်္ဂလာနန်းတော်ကို အေဒီ ၁၇၅၃ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်၏ ပထမ တည်ထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နန်းတော်ကို ပန်း(၁၀)မျိုး အနုလက်ရာများဖြင့် အလှဆင်ထားသည်။ အခန်းနှင့်ခန်းမ စုစုပေါင်း (၅၄)ဆောင် ရှိသည်။ အေဒီ ၁၇၆၆ ခုနှစ်တွင် မူလနန်းတော်ရာမှာ ပျက်စီးခဲ့သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိုနေရာအား ၁၉၉၄ ခုနှစ်တွင် တူးဖော်မှုလုပ်ငန်းများ စတင် ဆောင်ရွက် ခဲ့သည်။ တူးဖော်မှုမှ မြေကြီးထဲတွင် နစ်မြုပ်နေသော နန်းတော်စင်္ကြံကို ဖော်ထုတ်နိုင်ခဲ့သည်။ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပုရပိုက်များ၊ နန်းတော်၏ ပုံဆွဲများနှင့် ရှေးဟောင်းမှတ်တမ်းများကို ကောင်းမွန်စွာ စုဆောင်းနိုင်ခဲ့သည်။ နန်းတော်ရာပြန်လည် တည်ဆောက်ခြင်းမှာ ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။

28 total views , 3 views today