လွိုင်ကော်ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်
တည်နေရာ | ခွန်လီလမ်း၊ နောင်ယားရပ်ကွက်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ် |
ဖွင့်လှစ်သည့်ခုနှစ် | ၁၈.၉.၁၉၉၆ |
ခင်းကျင်းပြသထားမှု | ကယားမျိုးနွယ်စုပြခန်း၊ ရိုးရာအဝတ်အစားတန်ဆာပြခန်း၊ ရိုးရာ အသုံး အဆောင် ပြခန်း၊ ရိုးရာတူရိယာပြခန်း၊ ပန်းချီပန်းပုအနုပညာ ပြခန်း၊ ကယားပြည်နယ် သမိုင်းမှတ်တမ်းနှင့် စော်ဘွားပြခန်းများတို့၌ ရိုးရာ အခမ်းအနားများတွင် အသုံးပြုသည့် ကြေးဖြင့်ပြုလုပ်ထားသော ဖားစည်များ၊ ကျောက်ပုတီးများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ရိုးရာရက်ကန်းစင် များ၊ ကယားမျိုးနွယ်စုများ၏ ရိုးရာဝတ်စုံနှင့် အဆင်တန်ဆာပစ္စည်းများ၊ တူရိယာ ပစ္စည်းများ၊ ရိုးရာ လက်နက် ကိရိယာများ၊ ပန်းချီပန်းပုများ ပြသထား။ စာကြည့်တိုက်တွင် – မြန်မာ/အင်္ဂလိပ် – သတင်းစာများ၊ ဂျာနယ်များ၊ ဆောင်းပါးများ၊ မဂ္ဂဇင်းစာအုပ်များ |
ဝင်ကြေး | နိုင်ငံခြားသား ၅၀ဝဝိ/-၊ ပြည်တွင်း လူကြီး ၂၀ဝိ/၊ ရဟန်း၊ သံဃာ၊ သီလရှင်၊ ကလေး၊ ကျောင်းသား အခမဲ့ |
ဖွင့်လှစ်သည့်အချိန် | နံနက် (ဝ၉:၃၀)နာရီ မှ ညနေ (ဝ၄:၃၀)နာရီအထိ |
ပြတိုက်ပိတ်ရက် | တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ |