နှောကန် ရှေးဟောင်းနေရာဒေသ

နှောကန်ကြေးခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ နယ်၏ မြောက်ဘက်(၁၂) မိုင်အကွာ နှောကန်ရွာ၏ မြောက်ဘက်(၂) ဖာလုံခန့်အကွာ ဦးမောင်ငယ် ၏ယာကွက်အတွင်းတည်ရှိသည်။ တူးဖော်မှုကို မြန်မာနိုင်ငံမှပညာရှင်များနှင့် ပြင်သစ်နိုင်ငံမှ ပညာရှင်အဖွဲ့တို့ ပူးပေါင်း၍ ၂၀၀၁-ခုနှစ်တွင် လုပ်ဆောင်ခဲ့သည်။ တူးဖော်မှုမှ အရိုးစုရုပ်ကြွင်း (၇၂) ခု နှင့်အတူ ကြေးထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများဖြင့် တွေ့ရသည်။