ကုက္ကိုခါးလှ ရှေးဟောင်းနေရာဒေသ

ကုက္ကိုခါးလှကြေးခေတ် ရှေးဟောင်းနေရာမှာ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် တည်ရှိပါ သည်။ တူးဖော်တွေ့ရှိမှုများမှာ ကြေးနှင့် သံလက်နက်များ၊ အရိုးစုများ၊ ကျောက်နှင့် အရိုးပုတီးစေ့ များနှင့် မြှုပ်နှံသင်္ဂြိုဟ်ထားသော အိုးပုံစံအမျိုးမျိုးကို တွေ့ရှိရပါသည်။ တူးဖော်တွေ့ရှိမှုများ၏ လေ့လာမှုအရ ကုက္ကိုခါးလှ ရှေးဟောင်းနေရာသည် ကြေးခေတ်မှ သံခေတ်သို့ ကူးပြောင်းသည့် ကာလ အတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။