မြား-ရေဝေကျေးရွာသည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ သဲကြီးကုန်းကျေးရွာအုပ်စုတွင် ပါဝင်ပြီး မိတ္ထီလာမြို့မှ တောင်ဘက်(၆)မိုင်ခန့်အကွာတွင် တည်ရှိသည်။ တူးဖော်မှုကုန်းကို မြား-ရေဝေ ကျေးရွာမှ မြောက်ဘက်(၄)ဖာလုံကွာဝေးသော ဦးအောင်ခင်ပိုင်ယာခင်းတွင် ပြုလုပ်ခဲ့ပါ သည်။ တူးဖော်မှုမှ အရိုးစုရုပ်ကြွင်း(၃၁)ခုတွေ့ရှိရပြီး အားလုံးနီးပါး ပြည့်စုံမှုမရှိခြင်းကြောင့် ဒုတိယအကြိမ်မြှုပ်နှံမှု(Second Burial)ဖြစ်ဖွယ် ရှိပါသည်။ ရုပ်ကြွင်းများနှင့်အတူ ရောင်စုံပုတီးစေ့များ၊ မြေထည်ပစ္စည်းများ၊ သံလက်နက်များ၊ တိရစ္ဆာန်အရိုးများ၊ ကြေးပြားစများစသည်ဖြင့် တွေ့ရှိရသည်။

