မြင်းဦးလှည့် ရှေးဟောင်းနေရာဒေသ

မြင်းဦးလှည့်ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်တွင် တည်ရှိပါသည်။ တူးဖော်မှုမှ အရိုးစုရုပ်ကြွင်းများ၊ ပုတီးစေ့များ၊ မြေအိုးမြေခွက်များ၊ လက်နက်ပုံစံခွက်များ၊ ကြေးလက်နက်များ၊ သံလက်နက်များ၊ မှတ်ကျောက်ငယ် များ၊ ယောက်သွားခွံ၊ ကြေးနန်းစည်းထုပ်များ စသည်ဖြင့် တူးဖော်တွေ့ရှိရပါသည်။