အုတ်အိုင်ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုဒေသသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တူးဖော်မှု ပထမအကြိမ်တူးဖော်မှု ဆောင်ရွက်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်ကို ပြင်သစ် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်း မြန်မာနိုင်ငံမှပညာရှင်များ နှင့် ပြင်သစ်နိုင်ငံမှ ပညာရှင်များပူးပေါင်းပြီး တတိယအကြိမ်တူးဖော်မှု ဆောင်ရွက်ခဲ့သည်။ တူးဖော်မှုမှ အရိုးစုရုပ်ကြွင်းများ၊ မြေထည်ပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ ယောက်သွားခွံ၊ ကျောက်လက်ကောက်(၁)ကွင်း၊ ကျောက်ပုတီးစေ့၊ အရိုးပုတီးစေ့၊ အဆင်တန်ဆာများ၊ လူအသုံး အဆောင်ပစ္စည်းများ၊ ဓလေ့ထုံးတမ်းဆိုင်ရာပစ္စည်းများ၊ အိုးခြမ်းကွဲများ၊ အရိုးအပိုင်းအစများ၊ ပုတီးစေ့ အကွဲများ၊ ကျောက်ပဲ့စများ၊ ကျောက်ကွင်းအကျိုး၊ ကျောက်ကွင်းအဆံ၊ မီးသွေးစများ၊ ကျောက်လက်နက်များ စသည်ဖြင့် တူးဖော်တွေ့ရှိရသည်။


7 total views , 1 views today