ပုဂံဒေသ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသမိုင်းဝင်နေရာများ

အာနန္ဒာဘုရား

အာနန္ဒာဘုရားသည် အနုလက်ရာအမြောက်ဆုံးနှင့် ကြည်ညိုစရာ အကောင်းဆုံး ဘုရားတစ်ဆူ ဖြစ်ပါသည်။ အဆိုပါဘုရားကို ဂရိ လက်ဝါးကပ်ပုံစံနှင့် နှစ်ထပ်လူသွားစင်္ကြံပုံစံဖြင့် တည်ဆောက်ထား ပါသည်။ ဉာဏ်တော်အမြင့် (၃၁)ပေရှိသော ရပ်တော်မူ ဗုဒ္ဓဆင်းတုတော် (၄)ဆူသည် အရပ်လေးမျက်နှာတွင် ရှိပါသည်။ အဆိုပါလေးဆူအနက် ကဿဖနှင့် ကကုသန် ဗုဒ္ဓဆင်းတုတော်များသည် ပုဂံခေတ်လက်ရာ ဆင်းတုတော်များဖြစ်ပါသည်။ ကောဏဂုဏ်နှင့် ဂေါတမဗုဒ္ဓဆင်းတုတော်များသည် နောက်ပိုင်းခေတ်တွင် ပြန်လည် အစားထိုး ထားခြင်းများ ဖြစ်ပါသည်။ (၃၅)ပေ အမြင့်ရှိသော ပန်းပုလက်ရာများဖြင့် ပြုလုပ်ထားသော ကျွန်းတံခါးကြီးများ၊ သဲကျောက်ရုပ်တုများ၊ နံရံဆေးရေးပန်းချီနှင့် စဉ့်ထည်များကိုလည်း တွေ့ရှိ နိုင်ပါသည်။ အထက်ပစ္စယံတွင် (၅၅၀) ဇာတ်ပါ ရုပ်ပုံများကို ရေးထိုးထားပြီး၊ ဇာတ်တစ် ဇာတ်ခြင်းကို မွန်ဘာသာစကားနှင့်အတူ ရေးထိုးထားပါသည်။ အကောင်းဆုံးဗိသုကာ လက်ရာများ၊ အုတ်များ၏ အရည်အသွေးများ၊ ကျောက်ပန်းပုလက်ရာများ၊ ပန်းပဲပညာရှင်နှင့် အင်္ဂတေလက်ရာ များကိုလည်း မြင်တွေ့ လေ့လာနိုင်ပါသည်။

ဓမ္မရံကြီးဘုရား

အေဒီ ၁၁၇၀ တွင် နရသူမင်းက တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ပုဂံဒေသတွင် ထုထည် အကြီးမားဆုံးဘုရားလည်းဖြစ်ပြီး၊ ဓမ္မရံကြီး ဘုရားကို အတော်ဝေးဝေး နေရာများစွာကပင် ဖူးမြှော် နိုင်ပါသည်။ ၄င်းအချက်ကပင် ဓမ္မရံကြီးဘုရား၏ အုတ်စီပုံနည်းစနစ်ကျခြင်း သင်္ကေတပင်ဖြစ်ပြီး၊ အဆိုပါ အုတ်အကြားတွင် မည်သည့်အစိုင်အခဲကိုမျှ တိုးဝင်၍ မရနိုင်ပေ။

သဗ္ဗညုဘုရား

အေဒီ ၁၁၄၄ တွင် အလောင်းစည်သူမင်းက တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ သဗ္ဗညု၏ အဓိပ္ပါယ်မှာ သဗ္ဗညုတဉာဏ်ဖြစ်ပြီး၊ ပုဂံဒေသတွင် ကြီးမားခန့်ညားသော ဘုရားများတွင် တစ်ဆူ အပါအဝင် ဖြစ်ပါသည်။ ဉာဏ်တော်အမြင့်မှာ ပေ (၂၀ဝ) ကျော်ရှိပါသည်။ (၅) ထပ် ဘုရားတစ်ဆူ ဖြစ်ပြီး၊ ပထမနှင့် ဒုတိယထပ်များကို ဘုန်းကြီးများနားနေခြင်း၊ တတိယ ထပ်တွင် ဗုဒ္ဓရုပ်ပွားတော် များရှိပြီး၊ စတုတ္ထအထပ်ကို စာကြည့်တိုက်အဖြစ် အသုံးပြုထားပါသည်။ ပဉ္စမထပ်ကို မွန်မြတ်စင်ကြယ်သော ဌာပနာများ ရှိသော ဗုဒ္ဓရုပ်ပွားတော်တည်ရှိပါသည်။ ပုဂံဒေသ၏ အခြား အဆောက်အအုံ များကဲ့သို့ အပေါ်တွင် မျှော်စင်တည်ရှိပါသည်။

ကျောက်ဂူဥမင်

ကျောက်ဂူဥမင်(ခေါ်) ကျောက်ဂူဘုရားသည် အလွန်ကြီးမားသော လေးထောင့်ပုံ အဆောက် အအုံဖြစ်ပြီး၊ ညောင်ဦးမြို့အနီး ဧရာဝတီမြစ်ကမ်း အနီး ကမ်းပါးစောက်ကို ဆန့်ကျင် တည်ဆောက် ထားခြင်း ဖြစ်ပါသည်။ ထိပ်ပိုင်းတွင် နှစ်ထပ်သာရှိသော်လည်း နောက်ပိုင်းတွင် အေဒီ ၁၁၇၄ မှ ၁၂၁၁ အထိ အုပ်ချုပ်ခဲ့သော နရပတိစည်သူမင်း၏ သဘောတူညီချက်အရ တစ်ဆင့်တိုးခဲ့သည့် သုံးထပ် အဆောက်အအုံဖြစ်ပါသည်။ မြေညီထပ်ကို သဲကျောက်ဖြင့် တည်ဆောက်ထားပါသည်။ ထူးခြားသော ဗိသုကာလက်ရာကိုလည်း တွေ့နိုင်ပါသည်။

ရွှေစည်းခုံဘုရား

ရွှေစည်းခုံဘုရားသည် ညောင်ဦးမြို့၏အနောက်ဘက် မိုင်ဝက်ခန့် အကွာတွင် တည်ရှိ ပါသည်။ အဆိုပါဘုရားသည် အစောပိုင်းပုဂံခေတ်၏ ရိုးရှင်းသော ပုံစံတစ်ခုလည်းဖြစ်ပါသည်။ အေဒီ ၁၀၅၉ တွင် အနော်ရထာမင်းက စတင်တည်ထားခဲ့ပြီး ကျန်စစ်သားမင်းက ပြီးဆုံးအောင် တည်ဆောက် ခဲ့ပါသည်။ ဗုဒ္ဓ၏ဇာတ်တော်များ ဖြစ်သော ဇာတ်များကို သရုပ်ဖော်ထားသည့် စဉ့်ပြားများကို အထက် ပစ္စယံတွင် ရှိပါသည်။

တန့်ကြည့်တောင်ဘုရား

အေဒီ ၁၀၅၉ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဘုရားသည် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဧရာဝတီမြစ်ကိုဖြတ်ပြီး တည်ရှိသော်လည်း ပုဂံဘုရားများထဲတွင် ပါဝင်သည့် ဗုဒ္ဓ၏စွယ်တော်များကို ဋ္ဌာပနာထားသော စေတီ လေးဆူတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ တော်ဝင် ဆင်တော် ဒုတိယအကြိမ်ဝပ်တွားခဲ့သည့်အတွက် ဗုဒ္ဓစွယ်တော်ကို ဋ္ဌာပနာသည့် တန့်ကြည့်တောင်ပေါ်တွင် အနော်ရထာမင်းကြီးက တည်ထားခဲ့ပါသည်။ ဉာဏ်တော် အမြင့်ပေ (၉၀)ရှိပြီး အောက်ခြေ ပေ(၆၀) ရှိပါသည်။ ၄င်းဘုရားတွင် ထီးအဆင့် ကိုးဆင့်၊ စိန်ဖူးတော်နှင့် ငွေရောင် ငှက်မြတ်နားတော်တို့ ပါဝင်ပါသည်။ ၄င်းဘုရားကို ခေတ်အဆက်ဆက်က ပြန်လည် ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပါသည်။ အဆိုပါဘုရားတွင် ဗုဒ္ဓဘုရား၏ ရုပ်ပွားတော်၊ ရှင်အာနန္ဒာနှင့် တောစောင့်ဘီလူးရုပ်တုများလည်း ရှိပါသည်။

လောကနန္ဒာဘုရား

လောကနန္ဒာဘုရားသည် ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ဋ္ဌာပနာထားရာ တတိယမြောက်စေတီလည်း ဖြစ်ပါသည်။ အေဒီ ၁၀၅၉ တွင် အနော်ရထာမင်းတရားကြီးက တည်ထားခဲ့ပြီး ပုဂံဒေသရှိ ဘုရားများတွင် အံ့မခန်း ဘုရားတစ်ဆူလည်း ဖြစ်ပါသည်။ ယခုအခါတွင် အဆိုပါဘုရား တည်ထားခဲ့ခြင်းမှာ နှစ်ပေါင်း (၉၀ဝ)တိုင်ခဲ့ပြီး၊ မြစ်ရေ တိုက်စားခြင်းဒဏ်ကိုလည်း ဘယ်သောအခါမျှမခံခဲ့ရပေ။ ဧရာဝတီ မြစ်သည် ပြင်းထန်စွာ စီးဆင်းနေသော မြစ်ဖြစ်သော်လည်း မြစ်ရေသည် ဘုရားရင်ပြင်တော်ပေါ်သို့ ဘယ်သောအခါမျှ ရောက်ရှိခဲ့ခြင်း မရှိပါ။ ပုဂံဒေသရာသီဥတုနှင့် မကိုက်ညီသော သစ်ကနက်ပင်များ ပေါက်ရောက်နေသည်ကိုလည်း ထူးထူးခြားခြားမြင်တွေ့နိုင်ပါသည်။

တုရင်တောင်ဘုရား

အနော်ရထာမင်းကြီး တည်ထားခဲ့ခြင်းဖြစ်ပါသည်။ အေဒီ ၁၀၅၉ တွင် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ဋ္ဌာပနာထားရာ စတုတ္ထ မြောက်စေတီလည်းဖြစ်ပြီး၊ ပုဂံသာသနာ၊ အနုလက်ရာနှင့် တန်ခိုး အာဏာကြီးမြင့်မှုတို့ကိုလည်း ဖော်ပြနေသော စေတီတစ်ဆူ ဖြစ်ပါသည်။ တုရင်တောင်ဘုရားသည် တောင်ထိပ်တွင် တည်ရှိနေသောကြောင့် အမည်နာမအမျိုးမျိုးဖြင့်လည်း ခေါ်ဝေါ်ကြပါသည်။ တော်ဝင်ဆင်တော် စတုတ္ထမြောက် ဝပ်တွား ခဲ့သည့်အတွက် ဗုဒ္ဓစွယ်တော်ကို ဋ္ဌာပနာသည့် နေရာလည်း ဖြစ်ပါသည်။ ကျောက်ဆစ်ရုပ်များနှင့် ကျောက်များကို အသုံးပြုပြီး တည်ဆောက်ထားရာ နေရာလည်း ဖြစ်ပါသည်။ တုရင်တောင်ဘုရား တည်ရှိရာနေရာသည် ပုဂံနယ်နိမိတ်သတ်မှတ်ချက်နေရာလည်း ဖြစ်ပြီး၊ နယ်နိမိတ်ပိုင်းခြားခြင်း အတွက် သဘာဝမြို့ရိုးသဖွယ်လည်း ဖြစ်နေပါသည်။ တုရင် တောင်ဘုရားတောင်ပေါ်မှနေ၍ ဧရာဝတီမြစ်ကမ်း၏ အခြားတစ်ဖက်တွင် တည်ရှိနေသော တန့်ကြည့်တောင်ပေါ်မှ ဘုရားကိုလည်း ဖူးတွေ့နိုင်ပါသည်။