မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဝင်ရောက်ရေး လှုပ်ရှားမှုများ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြုလုပ်သော အသိပညာပေးဟောပြောပွဲ (Awareness)အား မြောက်ဦးမြို့၊ မြို့နယ်ခန်းမ၌ ယနေ့ နံနက် (၁၀:၄၅)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

                  အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီးသက်လွင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဝန်ထမ်းများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထု စုစုပေါင်း(၂၇၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ အထက်ပါ အသိပညာပေးဟောပြောပွဲ (Awareness)တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီး သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပျူရှေးဟောင်းမြို့များနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသတို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာရခြင်းအကြောင်းများ၊ မန္တလေးမြို့ရှိ မဟာလောက မာရဇိန်ခေါ် ကုသိုလ်တော်ဘုရား၊ ပုဂံမြို့မြစေတီနှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့မှာရှိသည့် ရာဇကုမာရ်ကျောက်စာ၊ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင်ခေါင်းလောင်းစာနှင့် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ရှိ ဘုရင့်နောင်မင်းတရားကြီး၏ ရွှေပေလွှာတို့ကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် (MOWCAP)ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသော မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေး ဆောင်ရွက်ရာတွင် အဆိုပြုစာတွဲပါအချက်များမှအဓိကကျသော အမွေအနှစ်ဒေသ သန့်ရှင်းသာယာ လှပရေးလုပ်ငန်းတွင် မြောက်ဦးမြို့နယ်ပြည်သူလူထုမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ် များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်း စောင့်ရှောက်ရေးတို့ကို တင်ပြဆွေးနွေးပြီး‌နောက် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြခဲ့သော အဆိုပြုစာတွဲ(Nomination-Dossier)တွင် တစ်ခုအပါအဝင်ဖြစ်သော (ရခိုင်ဘာသာ ထည့်သွင်း ထားသည့်)မှတ်တမ်းဗီဒီယိုကလစ်ကို ပြသခဲ့ပါသည်။

                  အခမ်းအနားအစီအအစဉ်အရ အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်သူ များ၏ဆွေးနွေးမေးမြန်းချက်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ပါသည်။ ၎င်းနောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့သော လက်ကမ်းစာစောင်၊ Booklet နှင့် မှတ်တမ်းစီဒီခွေ ၃၀ တို့အား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းထံ ပေးအပ်ခဲ့ပြီး အခမ်းအနားကို (၁၂:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

                  အခမ်းအနားသို့ မြောက်ဦးခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူလူထုများ စုစုပေါင်းအင်အား(၂၇၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများက မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက် မူလတန်းကျောင်းတွင် ဟောပြောဆွေးနွေးခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လူစု၍လည်းကောင်း၊ နေအိမ်များတွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

https://drive.google.com/file/d/1P2WY6UPjr6a6eAU8yCXnJV-lF1JGqxD2/view?usp=sharing