ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံညှိနှိုင်းအစည်းအဝေးအဖွဲ့၏ (၈)ကြိမ်မြောက်အစည်းအဝေး 8TH MEETING OF THE ASEAN COORDINATING COUNCIL WORKING GROUP ON PUBLIC HEALTH EMERGENCIES (8th ACCWG-PHE) နှင့် အာဆီယံမဏ္ဍိုင် (၃) ရပ်၏ အဆင့်မြင့်အရာရှိကြီးများ ပူတွဲညှိနှိုင်းအစည်းအဝေး Joint Consultative Meeting (JCM)

၂၀..၂၀၂၂                                                                                                  နေပြည်တော်

          ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီယားနိုင်ငံမှ ကြီးမှူး၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် မြန်မာစံတော်ချိန် ၀၈: ၃ဝ နာရီမှ ၁ဝ:၃ဝ နာရီအထိ ကျင်းပသည့်  8TH MEETING OF THE ASEAN COORDINATING COUNCIL WORKING GROUP ON PUBLIC HEALTH EMERGENCIES (8th ACCWG-PHE) အစည်းအဝေးနှင့် ၁၄:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ ကျင်းပသည့် Joint Consultative Meeting (JCM) အစည်းအဝေး တို့သို့ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီမှ အဆင့်မြင့်အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ရုံးအဖွဲ့မှ တက်ရောက်ခဲ့ကြပါသည်။

          နံနက်ပိုင်းအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား တုန့်ပြန်ရေးဆိုင်ရာ အာဆီယံ ရန်ပုံငွေနှင့် ကာကွယ်ဆေးဝယ်ယူရေးနှင့် ပေးပို့မှုအခြေအနေ၊  အာဆီယံဒေသတွင်း ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ၊ အဆိုပြု ထားသည့် ASEAN Plus Three Reserve of Public Health Emergencies (APT RMS) နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအား အာဆီယံ တုန့်ပြန်ရေး အကောင်အထည် ဖော်ဆောင် ရွက်နေသည့် အစီအစဉ်များ၊ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်းဆိုင်ရာ မူဘောင်နှင့် ပြင်ပမိတ်ဖက်များ ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

နေ့လယ်ပိုင်းအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်အတွင်း အထူးဦးစားပေး ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက်၊ ၃၁ ကြိမ်မြောက်    အာဆီယံပူးတွဲညှိနှိုင်းမှုကောင်စီ    

အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေ၊ အာဆီယံ ပေါင်းစည်း ဆက်သွယ်မှု၊ ကဏ္ဍစုံ၊ မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှု၊ ကဏ္ဍအလိုက် ဆွေးနွေးဖက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ မိတ်ဖက်ပြုမှုအသစ်များ အဆိုပြုလာမှုများ၊ ASEAN SHIELD နှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော ဆောင်ရွက်ချက်များ၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ၂၀၃၀ အကြား ပေါင်းစပ်ပါဝင်မှု များကို မြှင့်တင်ရန် အခြေအနေများ၊ Fourth Industrial Revolution (4IR)၊ ASEAN Enabling Master Plan 2025- မသန်စွမ်းသူများ၏အခွင့်အရေးကို ဦးစားပေးခြင်း မဟာဗျူဟာအစီအစဉ် ၂၀၂၅၊ အာဆီယံ ပြက္ခဒိန် ၂၀၂၂ တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။