မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ စုပေါင်းသန့်ရှင်း အမှိုက်ကောက်သန့်ရှင်းရေး Campaign ဆောင်ရွက်ခြင်း မြောက်ဦးရှေးဟောင်း၊ ဧပြီ(၂၂)

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် စုပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ကို  ယနေ့နံနက်(၇:၀၀) နာရီတွင် ဆောင်ရွက်ခဲ့ပါသည်။ 

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဆိုပြုစာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှုအစီအစဉ်မှ တစ်ခုအပါအဝင်ဖြစ်သော အမွေအနှစ် ဒေသ သန့်ရှင်းသာယာလှပရေး ဒေသခံပြည်သူလူထုပူးပေါင်း၍ အမှိုက်ကောက်သန့်ရှင်းရေး အစီအစဉ် (Campaign) ဆောင်ရွက်မှုကို ယနေ့နံနက် (၇:၀၀) မှ (၉:၀၀) နာရီထိ မြောက်ဦးမြို့ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၁၃၀)ခန့်သည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦး ဌာနခွဲ ဝန်ထမ်းများနှင့်အတူ မြောက်ဦးယဉ်ကျေးမှုနယ်မြေ သျှစ်သောင်းဘုရား ဧရိယာတစ်ဝိုက်တွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးအစီအစဉ်(Campaign) ဆောင်ရွက်ရာသို့ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြောက်ဦးခရိုင် စည်ပင်သာယာရေးအဖွဲ့၊ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့၊  ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၊ မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)၊  မြောက်ဦးအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (Mrauk U CSOs Network MUCN)၊ ကျွန်ုပ်တို့ ချစ်သောရခိုင်မြေ(We Love Rakhine) စသည့်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရခိုင် အဆိုတော် ဝင်းကိုခိုင်မှ စုပေါင်းအမှိုက်ကောက် လုပ်အားပေးနေရာသို့ လာရောက်အားပေး ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။