နံရံဆေးရေးမင်စာသင်တန်း သင်တန်းဆင်းပွဲကျင်းပ

    ၂၀၂၂ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (ရန်ကုန်)က “နံရံဆေးရေးမင်စာသင်တန်း”ကို သရဖီဆောင်ရှိ စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်ကျောက်စာနှင့် နံရံပန်းချီတို့မှ စာအရေးအသားများနှင့် နံရံဆေးရေးမင်စာတို့နှင့်စပ်လျဉ်း၍ ယဉ်ကျေးမှု ဓလေ့ထုံးစံများဖော်ထုတ် မှတ်တမ်းတင်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် သင်ကြားပို့ချခဲ့ပါသည်။

          အဆိုပါသင်တန်းသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)ရှိ ဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၂၁)ဦးက တက်ရောက်ခဲ့ပြီး ၆.၄.၂၀၂၂ ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီ၌  သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ တွဲဖက်ပါမောက္ခ များနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ပြီး သင်တန်းသားများအား  သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။