နိုင်ငံ့ဝန်ထမ်းဆိုင်ရာသိနားလည်မှုနှင့် သင်ကြားရေးဆိုင်ရာနည်းစနစ်များပို့ချမှု (On Boarding and Pedagogical Training) သင်တန်းဆင်းပွဲ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ “နိုင်ငံ့ဝန်ထမ်းဆိုင်ရာသိနားလည်မှုနှင့် သင်ကြားရေးဆိုင်ရာနည်းစနစ်များပို့ချမှု (Onboarding Pedagogical Training)” သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၉-၄-၂၀၂၂ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူး (ဂီတ)(ရုပ်ရှင်နှင့်ပြဇာတ်)၊ ခေတ္တဌာနမှူး(စာပေ၊ပန်းချီ)၊တွဲဖက်ပါမောက္ခ(သဘင်)၊ စာကြည့်တိုက်မှူး၊ မော်ကွန်းထိန်းနှင့် သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြပါ သည်။

          အခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အမှာစကားပြောကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးက Group (၅)ခုဖွဲ့၍ သင်ယူခဲ့ရသည့် သင်ခန်းစာများကို ပြန်လည်ထုတ်နုတ်တင်ပြသည့်ပုံစံဖြင့် Presentation များပြုလုပ်၍ တင်ပြခဲ့ကြပြီး ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီးနောက် အခမ်းအနားကို ၁၅:၃၀  နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

3 total views , 2 views today