ဒဂုံဆောင်(အမျိုးသားအဆောင်သစ်)ဖွင့်ပွဲအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ဒဂုံဆောင်(အမျိုးသားအဆောင်သစ်) ဖွင့်ပွဲအခမ်းအနားကို ၁၁-၅-၂၀၂၂ ရက်နေ့၊ နံနက် ၆:၃၀ နာရီ၌ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာ ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဓမ္မသာရ (သာသနဓဇဓမ္မာစရိယ၊ MA, Ph.D) ဦးစီးသော ဆရာတော်အပါအဝင် သံဃာတော် (၅)ပါးတို့အား ပင့်ဖိတ်၍ ဘုရားအနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းများ ပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဒုတိယဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်းနှင့် တာဝန်ရှိသူများ၊ မဉ္ဇူဆောင်၊ ဒဂုံဆောင် အဆောင်မှူးများနှင့် အဆောင်နေကျောင်းသားများ တက်ရောက်ခဲ့ကြပြီး  နံနက် ၈:၀၀ နာရီတွင် အဆောင်သစ်ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။