အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှု သင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ “အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှုသင်တန်း” ဆင်းပွဲအခမ်းအနားကို ၁၁-၅-၂၀၂၂ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်ရှိ AA-202 စာသင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူးများ၊   တွဲဖက်ပါမောက္ခများ၊ စာကြည့်တိုက်မှူး၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင်  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊  ပါမောက္ခချုပ်ဒေါက်တာကေသီထွေးက အမှာစကားပြောကြားခြင်းနှင့် သင်တန်းသား၊ သင်တန်းသူ(၁၅)ဦးက Group(၅)ခုဖွဲ့၍ သင်ယူခဲ့ရသည့် သင်ခန်းစာများကို ပြန်လည်ထုတ်နှုတ်တင်ပြသည့်ပုံစံဖြင့် Presentation များ ပြုလုပ်၍ တင်ပြခဲ့ကြပြီး ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ကြပြီးနောက် အခမ်းအနားကို  ၁၆:၀၀ နာရီ တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။