ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစာကားပြောကြား ၁၂-၅-၂၀၂၂၊ နေပြည်တော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့ ပူးပေါင်း၍  အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့တွင် ဖွင့်လှစ်သင်ကြားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနား ကို ယနေ့ (၁၂-၅-၂၀၂၂)ရက် နံနက်(၀၉:၀၀)နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့မှ တာဝန်ရှိသူများနှင့် အမျိုးသား စာကြည့်တိုက်(ရန်ကုန်)တို့မှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က အမှာစကားပြောကြားရာ၌ စာကြည့်တိုက်ဆိုသည်မှာ လွတ်လပ်စွာ ပညာရှာနိုင်သော တက္ကသိုလ်၊ ပညာဘဏ်တိုက်တစ်ခု(True University is Library) ဖြစ်ကြောင်း၊ ယနေ့ခေတ် ကာလ စာကြည့်တိုက်များမှာ ခေတ်ဟောင်းစာပေ၊ ခေတ်သစ်စာပေများသာမက ခေတ်မီ အီလက်ထရောနစ်နည်းပညာကို အသုံးပြုပြီး ဖတ်ရှုနိုင်တဲ့ အီလက်ထရောနစ်စာအုပ်တွေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကို စုဆောင်းထားရှိတဲ့အပြင် မိမိအလိုရှိရာ ပညာရပ်များကို လွယ်ကူစွာ ရှာဖွေနိုင်တဲ့ ခေတ်မီနည်းစနစ်တွေနဲ့ပါ ချိတ်ဆက်ထားရှိလာကြကြောင်း၊ ထို့အတူ 

စာကြည့်တိုက်လုပ်ငန်းအနေနဲ့လည်း သမားရိုးကျစာကြည့်တိုက်စနစ်ကနေ ခေတ်မီ သတင်း အချက်အလက်နည်းပညာများကို အသုံးပြုပြီး လျင်မြန်တဲ့အရှိန်အဟုန်နဲ့ ခေတ်မီလာကြတဲ့ အပြင် သတင်းအချက်အလက်စုဆောင်းထိန်းသိမ်းခြင်းနဲ့ ပညာရပ်ဖြန့်ချိမှုနယ်ပယ် နည်းပညာ ရပ်များသည်လည်း ကျယ်ပြန့်လာခဲ့ကြောင်း၊ စာကြည့်တိုက်တစ်ခုတည်ထောင်ဖို့ စာပေပစ္စည်း တွေကို ကောင်းမွန်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းဖို့အတွက်  စာကြည့်တိုက်များ၊  သတင်း အချက်အလက်စင်တာများကို တာဝန်ယူရမယ့်သူ၊ ကြီးကြပ်ရမယ့်သူတစ်ဦးအနေဖြင့် စာကြည့် တိုက်ပညာကို စာတွေ့သာမက လက်တွေ့ပါ တတ်မြောက်ထားဖို့ အရေးကြီးကြောင်း၊ စာကြည့် တိုက်တစ်ခု တည်ထောင်ဖို့ Building၊ Budget၊ Book၊ Borrower၊ Brain စသည့် B (၅)ခု လိုအပ် ပါကြောင်း၊ စာအုပ်၊ စာတမ်းများစုဆောင်းရန် အရေးကြီးသလို စာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် စုဆောင်းထားတဲ့ စာပေပစ္စည်းများကို ကောင်းမွန်စနစ်ကျစွာ ကိုင်တွယ် ထိန်းသိမ်းနိုင်ရန် စာကြည့်တိုက်မှူးကောင်းများလည်း မဖြစ်မနေလိုအပ်ပါကြောင်း၊ စာကြည့် တိုက်မှူးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် စာများများဖတ်ကြရန် လိုအပ် ပါကြောင်း၊ you cannot get wisdom unless you love books ဆိုသည့်အတိုင်း စာအုပ်များကို ချစ်မြတ်နိုးမှ စာများများဖတ်မှ ပညာရရှိနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ကို ဝိုင်းဝန်းပျိုးထောင်ကြရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း၊ ယခုဒီပလိုမာသင်တန်းများကို စာကြည့်တိုက်တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနအသီးသီးမှ စာကြည့်တိုက်ဝန်ထမ်းများအနေ ဖြင့် စာကြည့်တိုက်ပညာရပ်ကို စာတွေ့၊ လက်တွေ့ နားလည်တတ်မြောက်ပြီး စာကြည့်တိုက် လုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်စေရန်နှင့် ပိုမိုထိရောက်အောင်မြင်စေရန် ရည်ရွယ် ချက်များနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကြောင့် သင်တန်းဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့်  ၂၀၂၁ – ၂၀၂၂  ပညာသင်နှစ်၊  ဒီပလိုမာသင်တန်းများတွင်  အရည်အချင်းမီ 

အောင်မြင်သူများအနေဖြင့် မဟာဘွဲ့သင်တန်းများသို့ ဆက်လက်ပညာဆည်းပူးခွင့်ရစေရန် အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် ဒီပလိုမာ သင်တန်းသားများကို မှာကြားလိုသည်မှာ ယခု ဒီသင်တန်းသည် မဟာဘွဲ့/ ပါရဂူဘွဲ့ ရရှိနိုင်သည့် လမ်းကြောင်းကို စတင်ဖောက်ပေးတဲ့ သင်တန်းဖြစ်သည့်အပြင် အသက်မွေးဝမ်းကြောင်း ပညာရပ်လည်းဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ လေ့လာကြဖို့ တိုက်တွန်းလိုပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် သင်ကြားပေးတဲ့ ပညာရပ်တွေအပြင် ဆရာ/ ဆရာမတွေဆီက အတွေ့အကြုံဗဟုသုတတွေကို လေ့လာမှတ်သားပြီး စာကြည့်တိုက်ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က   သင်တန်းဖွင့်လှစ်ခြင်းနှင့့််ပတ်သက်၍   ရှင်းလင်းတင်ပြခဲ့ပြီး   သင်တန်းသား/ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

ယခုဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများသို့ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ သင်တန်းသား/ သင်တန်းသူ (၂၈)ဦးနှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ သင်တန်းသား/သင်တန်းသူ (၂၆)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ခွဲ ကြာမြင့်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။