အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ၁၈.၅.၂၀၂၂ နေပြည်တော်

အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ၁၈.၅.၂၀၂၂ ရက်နေ့ နံနက် ၀၉ :၀ဝ နာရီတွင် ရုံးအမှတ် ၃၅၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ပါ သည်။

          အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးဖြစ်သူ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်၍  အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များမှ အရာရှိကြီးများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများပါဝင် တက်ရောက်ကြပါသည်။

          အဆိုပါညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၅ အာဆီယံ အခြေပြ မြေပုံပါ လုပ်ငန်းဆောင်ရွက်မှုများသည် ၂၀၂၅ ခုနှစ်တွင် ပြီးမြောက်မည်ဖြစ်၍ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (High Level Task Force) ဖွဲ့စည်းပြီး ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း၏ မျှော်မှန်းချက်တို့ကို ရေးဆွဲမည်ဖြစ်သောကြောင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်အနေဖြင့် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်(Core Elements)များကို စဉ်းစား ရာ၌ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် အချင်းချင်းသော်လည်းကောင်း၊ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်ရှိ လုပ်ငန်းအစုအဖွဲ့များအကြားသော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သောကိစ္စရပ်များ ပြည့်စုံမှု ရှိ/မရှိ ဆိုသည်ကို ပြန်လည်သုံးသပ်၍ ဆွေး‌နွေးပေး စေလိုပါကြောင်း၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ အကောင် အထည်ဖော်မှုဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍  အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြမြေပုံ ၂၀၂၅ ကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ နှစ်လယ်အစီရင်ခံစာ-၂၀၂၀ (Mid Term Review -MTR)ကို ယနေ့တက်ရောက်လာကြသည့် လုပ်ငန်းအစုအဖွဲ့အသီးသီး၏ ပံ့ပိုးကူညီမှုများဖြင့် ရေးသား တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်သို့ မျှော်မှန်းထားသည့် ရည်မှန်းချက်များအတိုင်း ဆောင် ရွက်ခဲ့ရာ လမ်းတစ်ဝက်သို့ကျော်လွန်ရောက်ရှိနေပြီး ၂၀၂၅နှစ်ကုန်တွင် အာဆီယံအသိုက်အဝန်း အနေဖြင့် ပြီးမြောက်အောင်မြင်မှုတို့ကို တိုင်းတာဖော်ပြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန် ကတည်းက အချက်အလက်များပြည့်စုံစွာရှိစေရေး ပုံမှန်စုစည်းမှတ်တမ်းတင်သွားရန် လိုအပ်ပါ ကြောင်း၊ ယခင် (MTR) ရေးသားစဉ်က ရရှိခဲ့သည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို ကောင်းစွာအသုံးချပြီး  ၂၀၂၅ အကုန်တွင် Data အချက်အလက်ပြည့်စုံစွာဖြင့် ရေးသားပြုစုနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့်က အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဆိုင်ရာ ၂၀၂၅ အလွန် မျှော်မှန်းချက်အတွက် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များဖြစ်သည့် ASEAN SHIELD, 4IR, ACRF, Cross Pillar Issues တို့အပြင် Strengthening ASEAN Secretariat  နှင့် Reviewing ASEAN Organs တို့ကို လေ့လာပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား (National Interest ) နှင့် ကိုက်ညီစေမည့် အဓိကနယ်ပယ် (Core Elements) များကို ဖော်ထုတ်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့ပါ သည်။

ထို့နောက် မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ASCC ရုံးအဖွဲ့တို့က ASCC Blueprint ၂၀၂၅ ၏နှစ်လယ်သုံးသပ်ချက် MTR ၂၀၂၀ ရေးသားခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ရေးဆွဲခြင်း ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှု၊ Sectoral Body များ၏ လတ်တလော အကောင် အထည်ဖော်မှု အခြေအနေများနှင့်သက်ဆိုင်သော အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ ASCC Sectoral Body များ၏ Cross Sectoral Issue ဖြစ်သော Culture of Prevention (CoP) ကို လတ်တလော အကောင်အထည်ဖော်နေမှုများအား လည်းကောင်း၊ ၂၀၂၅ အသိုက်အဝန်းဆီသို့  သွားရောက်သော အခြေအနေတွင် မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းဆောင်ရွက်ချက် “Project Proposal” များရေးသား တင်သွင်းရာတွင် လိုအပ်သော ကိစ္စရပ်များကို Sectoral Body များက ပိုမိုသိရှိနိုင်ရေးအတွက်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များကို ၂၀၂၅ အကုန် လုပ်ငန်း များပြီးမြောက်မှုစစ်ဆေးရာတွင် စနစ်တကျ မှတ်တမ်းတင်နိုင်မည့်  Monitoring and Evaluation ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ASCC ၏ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ရမည့် တီမောလက်စတေနိုင်ငံသို့ အချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission သွားရောက်ရန် ကိစ္စနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဆိုင်ရာ လုပ်ငန်းအစုအဖွဲ့မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များကလည်း ၂၀၂၅ အလွန် အာဆီယံအသိုက် အဝန်းမျှော်မှန်းချက် ရေးဆွဲခြင်း ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည့်ကိစ္စရပ်များနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ ကိစ္စများတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက    အဆင့်မြင့်လုပ်ငန်းအဖွဲ့ High Level Task Force အတွက် လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်မှ လုပ်ငန်းအစုအဖွဲ့များအားလုံးက Core Element များကိုအချိန်မီပံ့ပိုးနိုင်ရေး၊  Core Element များ ထောက်ပံ့နိုင်ရေးအတွက် Working Group ၁ ခု ဖွဲ့စည်းနိုင်ရေး၊ ASCC လုပ်ငန်းအစုအဖွဲ့များမှ ဆက်သွယ်ဆောင်ရွက်ရမည့် ကိုယ်စားလှယ် အမည်စာရင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ASCC ရုံးအဖွဲ့သို့ ပေးပို့နိုင်ရေး၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် ၂၀၂၀ နှစ်လယ်အစီရင်ခံစာ (Mid Term Review –MTR) အပေါ် အခြေခံလေ့လာ၍ ၂၀၂၅ ခုနှစ်အကုန် နောင်လာမည့် End Term Review (ETR) အတွက် အချက်အလက်များ စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ပြင်ဆင်ထားစေရေး၊ Culture of Prevention (CoP) အား ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည့်ကိစ္စရပ်များကို သက်ဆိုင်ရာ ဦးဆောင်လုပ်ငန်း အစုအဖွဲ့နှင့် ပူးတွဲလုပ်ငန်းအဖွဲ့တို့က ပြုစုပြီး ASCC ရုံးအဖွဲ့သို့ ပေးပို့နိုင်ရေး၊ သက်ဆိုင်ရာ Sectoral Body အသီးသီးမှ ၎င်းတို့၏ လုပ်ငန်းအစီအစဉ် Work Plan များနှင့်အညီ ဆောင်ရွက် ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်းများအား စောင့်ကြည့်အကဲဖြတ် စစ်ဆေးခြင်းစနစ် (Monitoring and Evaluation System) ကို အာဆီယံစံနှုန်းနှင့်အညီ ပြုစု ထားနိုင်ရေး၊ ASCC ရုံးအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်သွားနိုင်စေရေးနှင့် ၂၀၂၂ ခုနှစ်အတွင်း တီမောလက်စတေနိုင်ငံသို့ သွားရောက်မည့် Fact Finding Mission-FFM အတွက် လိုအပ်သော အချက်အလက်များ အချိန်မီထောက်ပံ့ပေး နိုင်ရေးတို့ကို တိုက်တွန်းပြောကြားခဲ့ပြီး အစည်းအဝေးအား ၁၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။