မူမှန်ပြက္ခဒိန်ရောင်းချခြင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များ က ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၄-၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်းတိတိ)ဖြင့် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်ပါသည်။

           ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေဖြန့်ချိသူများအနေဖြင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့က ရေးဆွဲထားသည့် မူမှန်ပြက္ခဒိန်ကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူတို့အတွက် ရိုက်နှိပ်ဖြန့်ချိနိုင်မည်ဖြစ်ပါကြောင်းနှင့် အနုပညာဦးစီးဌာနအနေဖြင့် လည်း မူမှန်ပြက္ခဒိန်ရောင်းချငွေကို နိုင်ငံတော်ရငွေအဖြစ် နှစ်စဉ် ပေးသွင်းလျက်ရှိပါကြောင်း သတင်းရရှိပါသည်။