အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၂၈ ကြိမ်မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက် အခမ်းအနားကျင်းပ မေလ ၂၄ ရန်ကုန်

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၂၈ကြိမ် မြောက် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို မေလ ၂၄ ရက် နံနက် ၁၀ နာရီက သရဖီဆောင် အနုပညာခန်းမ၌ ကျင်းပသည်။

          ရှေးဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ တွင် “တက္ကသိုလ်၏ အစဉ်အလာအတိုင်း ကျောင်းသားကျောင်းသူများကို ကြိုဆိုနှုတ်ဆက်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်သည် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဖြစ်ပြီး စာပေဘာသာရပ်အပြင် အနုပညာအထူးပြုဘာသာရပ်များကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း၊ ဆရာ၊ မိဘနှင့် ကျောင်းသားများ ပူးပေါင်းပြီး အရည်အချင်းပြည့်ဝသည့် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်ကြားပေးမည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများက ကြိုးစားသင်ယူပြီး အနုပညာရှင် အတတ်ပညာရှင်ကောင်းများ ဖြစ်ကြပါစေကြောင်း” ပြောကြား သည်။

          ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်ဌေးဌေးဆွေ၊ စီမံရေးရာဌာန၊ စာပေပညာ ဌာန၊ ဂီတပညာဌာန၊ သဘင်ပညာဌာန၊ ပန်းချီပညာဌာန၊ ပန်းပုပညာဌာနတို့မှ ပါမောက္ခ/ဌာနမှူး များ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ တွဲဖက်ပါမောက္ခ နှင့် စာကြည့်တိုက်မှူးတို့က ဌာနအလိုက် ဘာသာရပ်ဆိုင်ရာများကို မိတ်ဆက်ပြောကြားသည်။

          နေ့လယ်ပိုင်းတွင် မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများသည် ကုမုဒြာဆောင်ရှိ ဂီတပညာဌာနနှင့် သဘင်ပညာဌာနသို့လည်းကောင်း၊ ကံ့ကော်ဆောင်ရှိ ပန်းချီပညာဌာနနှင့် ပန်းပုပညာဌာန သို့လည်းကောင်း သွားရောက်လေ့လာကြရာ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်ကြသည်။

          တက္ကသိုလ်မိတ်ဆက်အခမ်းအနားကို မေလ ၂၅ ရက်နေ့တွင်  ဆက်လက်ကျင်းပသွား မည်ဖြစ်ပြီး “သတင်းအမှန်ပြည်သူ့ထံပညာပေးဟောပြောပွဲ”နှင့် သဇင်ဆောင်ရှိ စာပေပညာဌာန၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနတို့သို့ သွားရောက် လေ့လာကြမည်ဖြစ်သည်။ မေလ ၂၆ ရက်နေ့တွင် အနုပညာဌာနအသီးသီးမှ ဖျော်ဖြေတင်ဆက်မှု များနှင့်အတူ တက္ကသိုလ်မောင်မယ်ရွေးချယ်ခြင်း၊ ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။