သတင်းအမှန် ပြည်သူ့ထံ ပညာပေးဟောပြောပွဲ

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ သရဖီဆောင်၊ အနုပညာခန်းမ၌ ၂၅-၅-၂၀၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် “သတင်းအမှန် ပြည်သူ့ထံ ပညာပေး ဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဟောပြောပို့ချမည့် ပညာရှင်များ၊ စုစုပေါင်း (၁၇၉)ဦး တက်ရောက် ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ ကလည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်းနောင်၊လယ်ဝေး) ကလည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)ကလည်းကောင်း ဟောပြောခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ  ပညာရှင်(၃)ဦးအား  ဂုဏ်ပြု လက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။