THE EIGHTEENTH COORDINATING CONFERENCE ON THE ASEAN SOCIO-CULTURAL COMMUNITY(18th SOC-COM)“PROMOTING AND IMPLEMENTING THE CARE ECONOMY IN ASEAN”

၁၈ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ညှိနှိုင်းရေးအစည်းအဝေး

 “အာဆီယံတွင် CARE ECONOMY ကို မြှင့်တင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း”

၂၄..၂၀၂၂                                                                                                 နေပြည်တော်

          ၂၀၂၂ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကမ္ဘောဒီယားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် မြန်မာစံတော်ချိန် ၀၈:၃ဝ နာရီမှ ၁၆:၃ဝ နာရီအထိ ကျင်းပသည့် THE EIGHTEENTH COORDINATING CONFERENCE ON THE ASEAN SOCIO-CULTURAL COMMUNITY (18th SOC-COM) “PROMOTING AND IMPLEMENTING THE CARE ECONOMY IN ASEAN” “အာဆီယံတွင် CARE ECONOMY ကို မြှင့်တင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော၁၈ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ညှိနှိုင်းရေး အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ  အဆင့်မြင့် အရာရှိကြီးဖြစ်သူ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOCA Leader) နှင့် ရုံးအဖွဲ့မှ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် အာဆီယံတွင် CARE ECONOMY ဆိုင်ရာ ပြီးပြည့်စုံသည့်မူဘောင် (ACFCE) သည် ရှုပ်ထွေးသော အကျပ်အတည်းများနှင့် စိန်ခေါ်မှုများအတွက် အာဆီယံ၏ တုံ့ပြန်မှုကို လမ်းညွှန်ရန် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများ၊ COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများ၊ ပြောင်းလဲလာသော လူဦးရေစာရင်းများ၊ ရာသီဥတုအကျပ်အတည်း၊ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် မတူညီမှုများကို ကာကွယ်ရန်အတွက် လမ်းညွှန်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။