သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)နှင့် ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်း သုတေသနပြုလုပ်မှု၊ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်စစ်ဆေးခြင်း နေ့စွဲ ၊ ၂၉ .၅ . ၂၀၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် တာဝန်ရှိ သူများလိုက်ပါလျက် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ဘွဲ့လွန်အသုံးချ ရှေးဟောင်း သုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီးနှင့် ကထိကဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကမ္ဘာ့အမွေအနှစ် သရေခတ္တရာ ပျူမြို့ဟောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းများ၊ သရေခေတ္တရာဌာနစုမှ ဝန်ထမ်းများ အား သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံ၍ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်မှ သင်တန်းကျောင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စာဖတ်ကြရန်အထူးလိုအပ်ကြောင်း၊  သင်ယူလေ့လာမှုကြောင့် တတ်မြောက်ခြင်းသည် အတတ် ပညာတတ်မြောက်ခြင်းသာဖြစ်၍ Wisdom မဖြစ်နိုင်ကြောင်း၊ စာပေလေ့လာဖတ်ရှုမှု များပြားမှ သာလျှင် မိမိကိုယ်တိုင် ဆင်ခြင်ဉာဏ်တိုး တက်ရင့်သန်ပြီး ဆင်ခြင်စဉ်းစားမှုအားကောင်းလာ ကာ စစ်မှန်သောအသိပညာရှင် Wisdom ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရှင်ဖြစ်စေ ရန် အဓိကမှာကြားလိုသည်မှာ စာများများ ဖတ်ရန်လိုအပ်ပါကြောင်း၊ ရှေးဟောင်းသုတေသန ပညာသည် မိမိနိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုအမွေအနှစ်သမိုင်းအစဉ်အလာကို ဖော်ထုတ်သင့် သဖြင့် ရှေးဟောင်းသုတေသန ဝန်ထမ်းများအနေဖြင့် မိမိအလုပ်ကို လေးစားတန်ဖိုးထားကြ ရန်နှင့် ပိုမိုတိုးမြှင့်လေ့လာ သင်ကြားပေးခြင်း၊ ဘွဲ့လွန်သင်တန်းများတိုးချဲ့ ဖွင့်လှစ်သင်ကြား နိုင်ရေး မှာကြားကာ သင်တန်းကျောင်းရှိ စာသင်ခန်းမနှင့် စာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည်  သီရိခေတ္တရာပြတိုက်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ သရေခေတ္တရာပြတိုက်တာဝန်ရှိ သူများမှ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြကွင်းပြကွက်များနှင့်စပ်လျဉ်း၍လည်း ကောင်း၊ အနာဂါတ်တွင် ပြတိုက်ကို ခေတ်နှင့်လျှော်ညီစွာ Digital Museumအဖြစ် ပြောင်းလဲ ပြသခြင်းဖြင့် မိမိတို့အမွေအနှစ်ကို ကမ္ဘာကသိရှိနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိမှုကိုလည်း ကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ သရေခေတ္တရာပျူမြို့ ဟောင်း (ရှေးဟောင်းဇုန်)အတွင်းရှိ ဘုရားထောင်ဘုရားပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဘောဘောကြီးစေတီပေါ်တွင် ပေါက်ရောက်နေသောမြက်များနှင့် ညောင်ပင်များ ရှင်းလင်းရေး ဆောင်ရွက်ရန်၊ တူးဖော်ရေးကုန်းအမှတ်(HMA-53)ကုန်း၊ ရဟန္တာကန်၊ ရဟန္တာမြို့ဝင်ပေါက်နှင့် သရေခေတ္တရာ နန်းတော်ရာတို့ တူးဖော်သုတေသနလုပ်ငန်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ရွှေဆံတော်ဘုရားသို့ သွားရောက်ဖူးမျှော်ကြည်ညို ကာ အလှူငွေ ကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။