သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်ချီးမြှင့် ဇွန်လ( ၉ )ရက်၊မန္တလေး။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းသည်ယနေ့နံနက်ပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တွင် ကျင်းပပြုလုပ်သည့်  ၂၀၂၁-၂၀၂၂  ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက် ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဦးအောင်ဆန်းဦးနှင့်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မောင်မယ်သစ်လွင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

          ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင်  နိုင်ငံတော်  ဖွွံ့ဖြိုး တိုးတက်ရေးအတွက်ပညာတတ်များစွာလိုအပ်ပါကြောင်း၊ ပညာထူးချွန်ပြီးကိုယ်ကျင့် တရားကောင်းမွန်သည့် နိုင်ငံ့သားကောင်းများသည် နိုင်ငံတော်အတွက်အားထားရမည့် သူများဖြစ်ပါကြောင်း၊ ရုပ်ဝတ္တုပစ္စည်းများကို ငွေဖြင့် ချက်ခြင်းဝယ်ယူ၍ ရသော်လည်း ပညာကိုမူချက်ခြင်းဝယ်ယူ၍မရနိုင်ဘဲ အချိန်ပေးသင်ယူလေ့လာလေ့ကျင့်ရင်းဖြင့်သာ တွေးခေါ်မှုစွမ်းရည်၊ တီထွင်ကြံဆမှု စွမ်းရည်တွေရရှိပြီး တန်ဖိုးရှိတဲ့လူ့စွမ်းအား အရင်း အမြစ်တွေဖြစ်ထွန်းလာအောင်ကြိုးစား အားထုတ်ကြရမှာဖြစ်ပါကြောင်း၊

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များရဲ့ထူးခြားချက်ကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ် များကိုလက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်စေရန်ရည်ရွယ်ချက်ဖြင့်သင်ကြားပေးလျှက်ရှိ သလို မြန်မာတိုင်းရင်း သားလူမျိုးများရဲ့ရိုးရာအနုပညာရပ်တွေကိုပါ သင်ကြားပေး သွားမှာဖြစ်လို့ မောင်တို့မယ်တို့အနေဖြင့်အချိန်ကိုတန်ဖိုးရှိရှိအသုံးချပြီးမိမိဝါသနာပါ ရာအနုပညာရပ်များကို စနစ်တကျ သင်ယူရင်းအနာဂတ်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်သွားကြဖို့ တိုက်တွန်းမှာကြား လိုကြောင်း၊

           အထူးသဖြင့် အချိန်နှင့်အမျှ နည်းပညာရပ်များ တိုးတက်  ပြောင်းလဲလာမှုနှင့် အတူ  Globalization  သဘောအရ ယဉ်ကျေးမှုအချင်းချင်း ရောနှော စီးဆင်းလျက်ရှိ နေသည့်အတွက် အမျိုးသားရေးလက္ခဏာများ၊ ရိုးရာယဉ်ကျေးမှုအမေွအနှစ်များ ဓလေ့ထုံးတမ်း အစဉ်အလာများ မပျောက်ပျက်အောင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ပြန်လည် ကျင်းပ တော့မှာဖြစ်၍ မောင်တို့မယ်တို့က ပါဝင်အစွမ်းပြခွင့်ရရှိတော့မှာဖြစ်ကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်သွားမည်ဖြစ်၍ မောင်တို့မယ်တို့က ပညာရပ် များကို စနစ်တကျ သင်ယူပြီး လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယဉ်ကျေးမှုကိုယ်ခံအား  တောင့်တင်းခိုင်မာအောင် ကြိုးစားသွားကြဖို့ မှာကြားလို ကြောင်း၊ ပညာတတ်မှသာ အမှား၊ အမှန်၊ အဆိုး၊ အကောင်း၊ လုပ်သင့်၊ မလုပ်သင့် တို့ကို ခွဲခြား သိမြင်နိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့ရဲ့ အနာဂတ် မြင့်မားတိုးတက်ဖို့အတွက် တက္ကသိုလ်အဆင့် အနုသုခုမ ပညာရပ်များကို ဆုံးခန်း တိုင်အောင် သင်ယူကြပြီး ကိုယ်ကျင့်တရား ကောင်းမွန်၍ ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ရင်း မောင်မယ်သစ်လွင်များနှင့် ကျောင်းသားကျောင်းသူများကို နွေးထွေးစွာ ကြိုဆို ပါကြောင်း ပြောကြားသွားပါသည်။

          အခမ်းအနားအစီအစဉ်အရ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဦးအောင်ဆန်းဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပါ သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်မောင်မယ်များအဖြစ် ရွေးချယ်ခြင်း ခံရသော ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ မောင်ကျော်ဝေယံလင်း နှင့်  ဂီတပညာဌာနက မဆုမြတ်သူတို့အားစလွယ်နှင့်သရဖူတို့ကိုချီးမြှင့်ပေးပါသည်။

          ထို့နောက် ဂီတပညာဌာနနှင့်သဘင်ပညာဌာနမှ ကျောင်းသားကျောင်းသူလေး များက အဆိုအကများဖြင့်ဖေျာ်ဖြေတင်ဆက်ကြရာဒုတိယဝန်ကြီးကဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ပင်မ အုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမသို့ ရောက်ရှိလာရာ ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာ  အချက်အလက်များနှင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြ ပါသည်။

          ဆက်လက်ပြီးဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စာသင်ဆောင်များတွင်ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများ၊ ကျောင်းပရဝဏ်သာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။