သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ဌာနတွင်းရုံးလုပ်ငန်းကျွမ်းကျင်မှုအခြေခံသင်တန်း (On Job Training)(၂/၂၀၂၂) သင်တန်းဆင်းပွဲ တက်ရောက်ချီးမြှင့်ပြီးမန္တလေးဌာနခွဲ၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်(မန္တလေး)

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊ ရှေး‌ဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားသို့ ရောက်ရှိပြီး စကျင်ကျောက်စာချပ်များ ဆေးသွင်းခြင်းလုပ်ငန်းနှင့် နေပူခံကျောက်ပြားများခင်းခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေနန်းတော်ကျောင်း ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှု့စစ်ဆေး၍ တာဝန်ရှိသူများက ရှင်းလင်း ပြသခဲ့ရာ ရွှေနန်းတော်ကျောင်းမှ မူလတိုင်ဟောင်းများကို Site Museum အဖြစ်ဆောက်လုပ်၍ ခင်းကျင်းပြသ သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍  ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည်  ရှေးဟောင်းသုတေသနနှင့်   အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲတွင် (၂၃-၅-၂၀၂၂) ရက်နေ့မှ (၁၀-၆-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သည့် ဌာနတွင်းရုံးလုပ်ငန်းကျွမ်းကျင်မှု အခြေခံသင်တန်း(On Job Training) (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို သင်တန်းသား/သူ(၁၈)ဦးဖြင့် မန္တလေးဌာနခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် တို့က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက သင်တန်းသား/သူ(၁၈)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြနန်းစံကျော်ရွှေနန်းတော် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြခဲ့မှု များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များညွှန်ကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးသည် ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက်နှင့် အမြောက်ပြတိုက်သို့ သွားရောက်ကြည့်ရှုခဲ့ရာ ရှင်းလင်းချက်စာသားများ တွင် မူလရရှိခဲ့သည့်နေရာ၊ အသုံးပြုပုံများ၊ ခေတ်ကာလနှင့်ပြသပစ္စည်းများ၏ တိုင်းတာမှုများကို ပြည့်စုံစွာပြန်လည်ပြုစုရေးသားရန် လမ်းညွှန်မှာကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြုပြင် ထိန်းသိမ်းမည့်  နန်းမြို့ရိုးပြာသာဒ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။