၂၀၂၂ ခုနှစ်  (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် – ဇွန် (၁၈)

၂၀၂၂ ခုနှစ်​ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟို ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ဖိတ်ကြားထားသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက  (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေး ကိုလည်း အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားကို အခမ်းအနား ၄ ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဇာနည် ဗိမာန် တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)မှာ နိုင်ငံတော်အလံ တိုင်တစ်ဝက်လွှင့်ထူခြင်း အခမ်း အနား၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပပြုလုပ်မည့် အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းသည့် အခမ်းအနားတို့ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ရန်ကုန်မြို့နှင့် နတ်မောက်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် များကို အများပြည်သူများ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ပြသသွားရန်ဖြစ်ပါကြောင်း၊ ထို့အပြင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)ရှိ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့

သည့် အစည်းအဝေးခန်းမကိုလည်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏  မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ၊ နိုင်ငံရေးပါတီ များနှင့် NGO အဖွဲ့အစည်းများအား အလေးထား ဖိတ်ကြားရေး၊ အခမ်းအနား တက် ရောက်မည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ စနစ်တကျ လွမ်းသူ့ပန်း ခွေချ ဂါရဝပြု အလေးပြုနိုင်ရန် ဆောင်ရွက်ရေး၊  အခမ်းအနားများအတွက်  လုံခြုံရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အစီအစဉ်များ၊ အာဇာနည်နေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့် အတွက် မှားယွင်းမှုမရှိစေရေး ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုံခြုံရေး ကော်မတီမှ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကိုယ်စား အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ဝင်းမင်းသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်စောဝင်း၊ လုပ်ငန်းကျင်းပရေးကော်မတီ အတွင်းရေးမှူး မြို့တော်ဝန် ဦးဗိုလ်ဌေး တို့က (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းဆောင်ရွက်ထား ရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ယင်းနောက် အခမ်းအနားပြင်ဆင်ရေးနှင့်စိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချအလေးပြုအခမ်း အနားစီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးဆပ် ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့်ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)   အလံတင်အခမ်းအနား  ကျင်းပရေးဆပ်ကော်မတီ၊  ဗိုလ်ချုပ်အောင်ဆန်း

ပြတိုက်ပြသရေးဆပ်ကော်မတီ၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) ပြခန်း၊ ပြကွက်များ ပြသရေးဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက  ဆွေးနွေး တင်ပြကြရာ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဖြည့်စွက် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးပြီး လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများအား မိမိတို့တစ်သက် မေ့လို့မရသလို သားစဉ်မြေးဆက်လည်း မမေ့စေလိုသည့်အတွက် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်သောကြောင့် ကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် တာဝန်တစ်ရပ်အနေဖြင့် မမှတ်ယူဘဲ လေးနက်သည့် ယုံကြည်ချက်၊ ခံယူချက်ဖြင့် ဆောင်ရွက်စေလိုပါကြောင်း နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။     

          ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြုလုပ် မည့် မြို့တော်ခန်းမ၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့်  အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး အခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။