ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)အား အထူးပြပွဲခင်းကျင်း ပြသရန်အတွက်

ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ခေတ္တပိတ်ထားမည်

နေပြည်တော် ၂၂.၆.၂၀၂၂

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲ ခင်းကျင်းပြသရန် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို (၂၅.၆.၂၀၂၂) ရက်နေ့မှ (၁၈.၇.၂၀၂၂) ရက်နေ့ထိ ခေတ္တပိတ်ထားမည် ဖြစ်ပါကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ယခင်နှစ်များအတိုင်း အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည် ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

                                                ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန

                                                          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန