မွန်တိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့်အကပညာရပ်များ ဘာသာရပ်အလိုက်သင်ရိုးညွှန်းတမ်း ပြုစုခြင်းအတွက် မွန်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ပဏာမတွေ့ဆုံဆွေးနွေး ခြင်းကို ၇.၄.၂၀၂၂ ရက်နေ့၌လည်းကောင်း၊ သင်ရိုးညွှန်းတမ်းအတည်ပြုရေးဆွဲခြင်းကို ၁၅.၆.၂၀၂၂ ရက်နေ့၌လည်းကောင်း မွန်ပြည်နယ်၊ တိုင်းရေးသားရေးရာဝန်ကြီးဌာန၊ ပြည်နယ် ညွှန်ကြားရေးမှူး ရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ပြည်နယ်အသိအမှတ်ပြု မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မွန်တိုင်းရင်းသား စာပေ၊ဂီတနှင့် အကပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။